တမူးမြို့တရားရုံးအနီးမှာ ဖုန်းနဲ့ ဆိုင်ကယ်လုယူခံရ

တမူးမြို့ မြို့မရပ်ကွက်မှာရှိတဲ့ တရားရုံးအနီးမှာ ဇူလိုင်လ ၃ ရက်နေ့ ညနေပိုင်းက လူငယ်တစ်ဦးထံ အမျိုးသားနဲ့အမျိုးသမီးတစ်ဦးက ဖုန်းတစ်လုံးနဲ့ဆိုင်ကယ်ကို ခြိမ်းခြောက်လုယူသွားကြတယ်လို့ သတင်းရရှိပါတယ်။

တရားရုံးဟာ ရဲစခန်းနဲ့ ပြည်သူ့ဆေးရုံတွေနဲ့လည်း နီးစပ်ပြီး မြို့လယ်ခေါင်မှာတည်ရှိပါတယ်။

ဖြစ်စဉ်မှာ စန္ဒာကူးရပ်ကွက်နေ ဂေါ်ရခါး လူငယ်တစ်ဦးဟာ TVS Auto အမျိူးအစားဆိုင်ကယ်မောင်းနင်ပြီး တရားရုံးအနီးရောက်တဲ့ချိန်မှာ အနောက်ကနေ အမျိုးသားနဲ့ အမျိုးသမီး ၂ ဦးစီးလာတဲ့ ကလစ်ဆိုင်ကယ်တစ်စီးရောက်လာပြီး ဆိုင်ကယ်ကိုရပ်ခိုင်းကြပါတယ်။

အမည်မဖော်လိုသူက “ဆိုင်ကယ်ပေါ် အမျိုးသားက မင်းငါ့ကိုဘာလို့ကြည့်တာလဲလို့လာမေးတယ်။ အကိုတို့ကိုမကြည်ပါဘူးလို့ဖြေတယ်..ပြီးတော့ ဖုန်းထုတ်ခိုင်းပြီး ဖုန်းယူသွားတယ်။ တရားရုံးလမ်းကြားထဲကို လိုက်ခဲ့ဆိုပြီးခေါ်တယ်။ ကောင်လေးကလည်း ကြောက်ကြောက်နဲ့လိုက်သွားတယ်။ လမ်းကြားထဲရောက်တော့ ဆိုင်ကယ်ပေးဆိုပြီးတောင်းတယ်။ ကောင်လေးကမပေးဖူးလုပ်တော့ နှစ်ချက်ရိုက်တယ်ပြီးတော့ ဆိုင်ကယ်ယူပြီး မင်းသွားလိုက်တော့လို့ပြောတယ်။ ကောင်လေး အိမ်ကို ခြေတုန်လက်တုန်နဲ့ရောက်လာတယ်။ ညပိုင်းရောက်မှာဖုန်းဆက်ကြည့်တော့ ငွေကျပ် (၅)သိန်းနဲ့ ရဲစခန်းမှာ လာရွေးလို့ ပြောတယ်။ အိမ်ကသူတွေကပိုက်ဆံတွေအဆင်သင့်လုပ်ပြီး ဖုန်းပြန်ဆက်တော့။ ဖုန်းစက်ပါပိတ်သွားကြတယ်”လို့ ပြောပါတယ်။

ဖုန်းနဲ့ ဆိုင်ကယ်လုယူသွားတဲ့ အမျိုးသားနဲ့ အမျိုးသမီးဟာ ဒီနေ့ထိ ဘယ်သူမှန်းမသိရသလို သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေက ဖမ်းဆီးထားခြင်းလည်းမရှိကြောင်းသိရတယ်။

Zawgyi

တမူးၿမိဳ႕တရားရံုးအနီးမွာ ဖုန္းနဲ႔ ဆိုင္ကယ္လုယူခံရ

တမူးၿမိဳ႕ ၿမိဳ႕မရပ္ကြက္မွာရွိတဲ့ တရားရံုးအနီးမွာ ဇူလုိင္လ ၃ ရက္ေန႔ ညေနပိုင္းက လူငယ္တစ္ဦးထံ အမ်ဳိးသားနဲ႔အမ်ဳိးသမီးတစ္ဦးက ဖုန္းတစ္လံုးနဲ႔ဆုိင္ကယ္ကို ျခိမ္းေျခာက္လုယူသြားၾကတယ္လုိ႔ သတင္းရရွိပါတယ္။

တရားရံုးဟာ ရဲစခန္းနဲ႔ ျပည္သူ႔ေဆးရံုေတြနဲ႔လည္း နီးစပ္ၿပီး ၿမိဳ႕လယ္ေခါင္မွာတည္ရွိပါတယ္။

ျဖစ္စဥ္မွာ စႏၵာကူးရပ္ကြက္ေန ေဂၚရခါး လူငယ္တစ္ဦးဟာ TVS Auto အမ်ိဴးအစားဆုိင္ကယ္ေမာင္းနင္ၿပီး တရားရံုးအနီးေရာက္တဲ့ခ်ိန္မွာ အေနာက္ကေန အမ်ဳိးသားနဲ႔ အမ်ဳိးသမီး ၂ ဦးစီးလာတဲ့ ကလစ္ဆုိင္ကယ္တစ္စီးေရာက္လာၿပီး ဆိုင္ကယ္ကိုရပ္ခိုင္းၾကပါတယ္။

အမည္မေဖာ္လိုသူက “ဆိုင္ကယ္ေပၚ အမ်ဳိးသားက မင္းငါ့ကိုဘာလို႔ၾကည့္တာလဲလို႔လာေမးတယ္။ အကိုတို႔ကိုမၾကည္ပါဘူးလို႔ေျဖတယ္..ၿပီးေတာ့ ဖုန္းထုတ္ခိုင္းၿပီး ဖုန္းယူသြားတယ္။ တရား႐ုံးလမ္းၾကားထဲကို လိုက္ခဲ့ဆိုၿပီးေခၚတယ္။ ေကာင္ေလးကလည္း ေၾကာက္ေၾကာက္နဲ႔လိုက္သြားတယ္။ လမ္းၾကားထဲေရာက္ေတာ့ ဆိုင္ကယ္ေပးဆိုၿပီးေတာင္းတယ္။ ေကာင္ေလးကမေပးဖူးလုပ္ေတာ့ ႏွစ္ခ်က္ရိုက္တယ္ၿပီးေတာ့ ဆိုင္ကယ္ယူၿပီး မင္းသြားလိုက္ေတာ့လို႔ေျပာတယ္။ ေကာင္ေလး အိမ္ကို ေျခတုန္လက္တုန္နဲ႔ေရာက္လာတယ္။ ညပိုင္းေရာက္မွာဖုန္းဆက္ၾကည့္ေတာ့ ေငြက်ပ္ (၅)သိန္းနဲ႔ ရဲစခန္းမွာ လာေရြးလို႔ ေျပာတယ္။ အိမ္ကသူေတြကပိုက္ဆံေတြအဆင္သင့္လုပ္ၿပီး ဖုန္းျပန္ဆက္ေတာ့။ ဖုန္းစက္ပါပိတ္သြားၾကတယ္”လို႔ ေျပာပါတယ္။

ဖုန္းနဲ႔ ဆုိင္ကယ္လုယူသြားတဲ့ အမ်ဳိးသားနဲ႔ အမ်ဳိးသမီးဟာ ဒီေန႔ထိ ဘယ္သူမွန္းမသိရသလို သက္ဆုိင္ရာတာဝန္ရွိပုဂၢိဳလ္ေတြက ဖမ္းဆီးထားျခင္းလည္းမရွိေၾကာင္းသိရတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်