တမူးမြို့အနီး PDF-Tamu နဲ့ စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသ၊ တမူးမြို့အနီးတွင် PDF-Tamu တပ်ရင်း (၄)နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား စက်တင်ဘာ ၁၈ ရက်မွန်းလွဲ ၁ နာရီခန့်တွင်ထိတွေ့တိုက်ပွဲဖြစ်ပွားသည်ဟုသိရသည်။

တမူးမြို့ကောင်းသန့်ဆီဆိုင်အနီးတွင် တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း (၄)တပ်ဖွဲ့သည် စစ်ကောင်စီတပ်များ(၄)မိုင်ဂိတ် ဘက်ကိုစစ်ကြောင်းထွက်မည်ဟုသတင်းရရှိသဖြင့် အသင့်ကင်းပုန်းဝပ်စောင့်ဆိုင်းခဲ့ရာ မကြာခင်မှာပဲစစ်ကောင်စီတပ်နှင့် ထိတွေတိုက်ပွဲဖြစ်ပွာခဲ့ပြီးတိုက်ပွဲပြင်ထန်ခဲ့သည်။

စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၄)ဘက်မှအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာတိုက်ပွဲကြာချိန် ၁နာရီခန့်ကြာသည်ဟု တပ်ရင်း(၄)နှင့်နီးစပ်သူတစ်ထံမှသိရသည်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီရဲ့ရွေးကောက်ပွဲ အပိုင်း (၃)ကို စောင့်ကြည့်ဖို့ နိုင်ငံ ၆ နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေ ရောက်ရှိ

ဇန်နဝါရီ ၂၄၊ ၂၀၂၆Zalen ဇန်နဝါရီ ၂၅ ရက်နေ့ မနက်ဖြန် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ၃ နောက်ဆုံးအဆင့်ကို လေ့လာစောင့်ကြည့်ဖို့ နိုင်ငံ ၆ နိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေ ရန်ကုန်ကို ရောက်ရှိလာပြီလို့ စစ်ကောင်စီက ...

ဆက်ဖတ်ရန်