တွန်းဇံမြို့နယ်တွင် ညီအစ်မနှစ်ယောက် နာရီပိုင်းအတွင်း ရုတ်တရက် သေဆုံးမှုဖြစ်ပွား

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်နေ ၂ နှစ်ခွဲအရွယ်ကလေးနဲ့ ၁၃ နှစ်အရွယ်အစ်မဖြစ်သူတို့ မနေ့ ဇွန်လ ၁၃ ရက်တွင် နာရီပိုင်းအတွင်း သေဆုံးသွားကြတယ်လို့ သိရပါတယ်။

တွန်းဇံမြို့နယ်၊ Vaivet (Cizam) ကျေးရွာနေ၂ နှစ်ခွဲအရွယ် Lia Lun Deih San(မလွန်ဒိမ့်စန်)မှာ ဇွန် ၁၃ ရက်၊ မနက် ၁ နာရီခန့်က ကိုယ်ပူပြီးနောက် မနက် ၃ နာရီခွဲမှာ ဆုံးပါးသွားခဲ့တာလို့ သိရပါတယ်။

ယင်းနောက် အစ်မဖြစ်တဲ့ ူia Cing Huai Kim (မကျင်ဟောင်ကိမ်) ၁၃ နှစ်မှာလည်း နာရီပိုင်းအတွင်းရုတ်တရက်ကိုယ်ပူရှိန်တက်ကာ မနက် ၁၀ နာရီမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

၎င်းတို့ ညီအစ်မတွေဟာ Pa Gin Lal Thang (ဦးဂင်လာမ်ထန်) နဲ့ Nu Lal Tul Sawm Cing (ဒေါ်လာမ်တူဆောမ်းကျင်) တို့ရဲ့ သမီးတွေဖြစ်ကြပြီး တွန်းဇံဆေးရုံသို့ ပို့ခဲ့ပေမယ့် အသက်မမီတော့ကြောင်း မိသားစုဝင်တွေဆီက သိရပါတယ်။ ဘာရောဂါနဲ့ သေဆုံးသွားသလဲဆိုတာအတိအကျမသိပေမယ့် ရာသီဥတုအပြောင်းအလဲကနေ ရုတ်တရက်ကိုယ်ပူရှိန်တက်လာရာမှ ဆုံးပါးသွားခြင်းဖြစ်ပြီး ဒီနေ့ ဇွန် ၁၄ ရက်တွင် သဂြိုဟ်ကြတယ်လို့ ဆိုပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဆိုင်ကယ်တွေကို လိုင်စင်နံပါတ် စုံ ၊ မ ဂဏန်းတွေ စတင်စစ်ဆေး

မတ် ၂၁၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက လေဆိပ်ရှေ့မှာ ကားနဲ့ ဆိုင်ကယ်တွေကို တားပြီး လိုင်စင်နံပါတ်ပြားပေါ်က စုံ / မ ဂဏန်းတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။ မတ်လ ၂၀ရက် မနေ့က ...

ဆက်ဖတ်ရန်