ဒုချုပ်ဟောင်း စိုး၀င်း ​ပြည်ထောင်စုအတိုင်ပင် ခံကောင်စီရဲ့ ဥက္ကဋ္ဌ ဖြစ်လာ

ဧပြီ ၁၀ ၊ ၂၀၂၆
Zalen

စစ်ကောင်စီတပ်ရဲ့ ဒုချုပ်ဟောင်း စိုး၀င်းကိုအသစ်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စု အတိုင်ပင်ခံကောင်သီရဲ့ ဉက္ကဌ အဖြစ် ခန့်အပ်လိုက်တယ်လို့ ဒီကနေ့ ဧပြီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငတော် သမ္မရုံးက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ် တွေမှာအကြံပေးနိုင်ရန်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ကို ဖွဲ့စည်း ၊ ခန့်အပ်လိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီက ရွေးကောက်တင် မြှောက်ထားတဲ့ သမ္မတ မင်းအောင်လှိုင် လက်မှတ်ရေးထိုး ပြီး အမိန့်အမှတ် ၁ / ၂၀၂၆အရ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေပုဒ်မ ၅ နှင့် ပုဒ်မ ၆ အရ ခန့်အပ်လိုက်တာလို့ ဖော်ပြထားပါတယ်။

Zalen ad

အဆိုပါ အတိုင်ပင်ခံကောင်စီမှာတော့
ဦးစိုး၀င်း (ဉက္ကဌ )၊ ဦးမောင်မောင်အေး (အတွင်းရေးမှူး) ၊ ဦးသန်းဆွေ ၊ဦးကိုကိုလှိုင်၊ဦးမိုးအောင် ၊ ဒေါက်တာ ရင်ရင်နွယ် ၊ ဒေါ်ချိုချိုကျော်ငြိမ်း ၊ ဦးကိုကိုကြီ ၊ မန်းငြိမ်းမောင်
၊ ဒေါ်ဒွဲဘူ ၊ဦးဇော်အေးမောင် တို့က ကောင်စီအဖွဲ့၀င် အဖြစ် ထုတ်ပြန်ထားပါတယ်။

ဒီ ကောင်စီက ပြည်ထောင်စုအဆင့် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ကာ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာ ကိစ္စရပ် တွေမှာအကြံပြုခြင်းနှင့် ညှိနှိုင်းဆောင်ရွက်တာ‌‌ တွေကို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

သတင်း – ညီစေ

နောက်ဆုံးရသတင်းများ

“အရေးကြီးပြီ” တော်လှန်ရေးသီချင်းကို စစ်တပ်က စာသားပြင်ပြီး ဝါဒဖြန့်မှု ဝေဖန်ရှုတ်ချခံနေရ

မေ ၂၆၊ ၂၀၂၆ Zalen စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ လူထုအမြဲ သီဆိုလေ့ရှိတဲ့ သမိုင်းဝင် တော်လှန်ရေးတေးသီချင်း “အရေးကြီးပြီ” ကို အာဏာသိမ်းစစ်တပ်က “စစ်သားသွေးနီ ရှေ့သို့ချီ” ဆိုပြီး အမည်ပြောင်းလဲ ကူးယူကာ စစ်တပ်ပိုင် မြဝတီရုပ်သံလိုင်း ...

ဆက်ဖတ်ရန်