ပညာရေးမှူး အသတ်ခံရပြီးနောက် မတူပီမြို့တွင် ကျောင်းတစ်ပတ်အထိပိတ်မည်

ချင်းပြည်နယ်၊ မတူပီမြို့က ပညာရေးမှူးဖြစ်တဲ့ ဦးတင်လွေးဟာ အောက်တိုဘာလ ၁၆ ရက်နေ့ ည ၈ နာရီခန့်တွင် ၎င်း၏ နေအိမ်တွင် ပစ်သတ်ခံရပြီးနောက် မတူပီမြို့ပေါ်တွင်လည်း ကျောင်းတစ်ပတ် ပိတ်ထားမည်ဖြစ်ကြောင်း သိရပါတယ်။

မတူပီမြို့ပေါ်မှာတော့ တနင်္လာနေ့ ဦးတင်လွေးကို သဂြိုဟ်ခဲ့သောနေ့တွင် ကျောင်းပိတ်ထားခဲ့ပြီး နောက်တစ်နေ့ အင်္ဂါနေ့မှာလည်း ဆက်ပြီး ကျောင်းမဖွင့်နိုင်ခဲ့ပါဘူး။ ထို့နောက် ဒီတစ်ပတ်လုံး ကျောင်းများ ပိတ်ထားမည်ဟု ထုတ်ပြန်ချက် ပြန်ထွက်လာကြောင်း သိရပါတယ်။

မတူပီမြို့တွင် ကျောင်းများအားလုံးကို ဖွင့်လှစ်ထားနိုင်ခြင်း မရှိပဲ လောင်ဗန်းရပ်ကွက်တွင်ရှိသော အထက (၁) ကျောင်းနှင့် စံဘောင်ရပ်ကွက်တွင်ရှိသော အထက (၂) ကျောင်းနှစ်ခုတည်းကိုသာ ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။ ပညာရေးမှု ပစ်သတ်ခံရပြီးနောက် ကျောင်းပိတ်ကြောင်း တရားဝင် ကြေညာထားခြင်း မရှိသော်လည်း မိဘများဟာ ကလေးများကို ကျောင်းမလွှတ်တာဖြစ်ကြောင်းလည်း မြို့ခံများက ပြောပါတယ်။

 

Zalen ad

နောက်ဆုံးရသတင်းများ

NUG နဲ့ တိုင်းရင်းသားတပ်တွေပေါင်းပြီး SCEF မဟာမိတ်အဖွဲ့ ဖွဲ့စည်း

မတ် ၃၁၊ ၂၀၂၆Zalen အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်နေကြတဲ့ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အမျိူးသားညီညွှတ်ရေးအစိုးရ (NUG) တို့ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) ကို ဖွဲ့စည်းလိုက်တယ်လို့ မတ်လ ၃၀ ရက်နေ့ ...

ဆက်ဖတ်ရန်