ပလက်ဝတွင် တိုက်ပွဲဖြစ်ပွားတာကြောင့် ပလက်ဝ-ကျောက်တော် ကားလမ်းပိတ်

ပလက်ဝတွင် တိုက်ပွဲဖြစ်ပွားတာကြောင့် ပလက်ဝ-ကျောက်တော် ကားလမ်းပိတ်

ပလက်ဝမြို့နယ် နှမဒါကျေးရွာအနီးတွင် တပ်မတော်နဲ့အေအေလက်နက်ကိုင်တို့တိုက်ပွဲဖြစ်ပွားတာကြောင့် ပလက်ဝမြို့မှ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့သွားရာ ကားလမ်းပိတ်ထားတယ်လို့သတင်းရရှိပါတယ်။

ပလက်ဝမြို့မှ နာရီဝက်သာသွားတဲ့ နှမဒါရွာအနီးမှာ သြဂုတ်လ (၅)ရက်ကစပြီး (၉)ရက်နေ့ညအထိ တိုက်ပွဲတွေဖြစ်ပွားပြီး ကျေးရွာသားများဟာ ဘာသာရေးကျောင်းများတွင်ခိုလုံကြပါတယ်။

ပလက်ဝမြို့ဒေသခံတစ်ဦးက “မနေ့ညအထိ ပလက်ဝမြို့ကနေလက်နက်သံတွေကြားနေရတယ်။ ကားလမ်းပိတ်တာ ၂ ရက်လောက်ရှိပြီ။ စက်လှေတော့သွားကြတယ်။ တိုက်ပွဲဖြစ်တာက ရွာနဲ့တစ်မိုင်ကျော်ကျော်ဝေးတဲ့နေရာမှာပါ” လို့ပြောပါတယ်။

Zalen ad

ဒါ့ပြင် ပလက်ဝမြို့ရဲ့တောင်ဘက် ၁၀ မိုင်အကွာ ဘောင်ဝရွာမှာ သြဂုတ်လ ၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားတာကြောင့် အိမ်ခြေ ၃၇ အိမ်၊ လူဦးရေ ၂၀၁၄ ဦးတို့ဟာ အောက်သဲမဝရွာသို့ထွက်ပြေးတိမ်းရှောင်ကြပါတယ်။ ဒါပေမယ့် တိုက်ပွဲဆက်လက်ပြင်းထန်တာကြောင့် ဒီနေ့မှာတော့ တစ်ရွာလုံး အိမ်ခြေ ၉၀ဟာ ပြောင်းရွှေ့ကြရပါတယ်။

ပလက်ဝမြို့တွင် အများစုဝယ်ယူစားသောက်တဲ့ ဒေသခေါ်ဆန်ကြီးဟာ အရင်က တစ်အိတ် သုံးသောင်းခွဲကနေ အခု လေးသောင်းအထိတဖြည်းဖြည်းမြင့်တက်နေပြီး ကျေးရွာများတွင် လေးသောင်းခွဲလောက်နဲ့ပေးဝယ်ကြတယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းများ

ကတုတ်ကျင်းထဲက ပျောက်ဆုံးနေတဲ့အနာဂတ်များ

စာရေးသူ- ပီအောင် ” ကလေးက နှနှစ်ပဲရှိသေးတယ်။ လေယာဉ်သံကြားရင် ကျွန်မဆီပြေးလာတယ်။ ကတုတ်ကျင်းထဲ ၀င်ရင်လည်း သူ့ဟာသူ နားပိတ်တတ်လာတယ်။ ကလေးကိုကြည့်ပြီးကျွန်မ အရမ်းပဲသောကရောက်ရတယ်” မြန်မာနိုင်ငံရဲ့ လက်ရှိပဋိပက္ခဒေသ တွေမှာနေထိုင်ကြရတဲ့ ကလေးငယ် တွေအတွက် “ကတုတ်ကျင်း” ဆိုတဲ့ ...

ဆက်ဖတ်ရန်