ပလက်ဝမြို့နယ်တွင် ဆရာ၊မ မလုံလောက်သည့် ကျေးရွာတွင် စစ်ကောင်စီတပ်သားများက စာသင်ပေးနေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာရှိ အထက်တန်းကျောင်းတွင် ကျောင်းဆရာ၊မ များ မလုံလောက်သောကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက စာသင်ပေးနေတယ်လို့ သတင်းရရှိပါတယ်။

အထက-ခဝဲ ကျောင်းသည် (KG)တန်း မှ (၁၂) တန်း ထိ ရှိပြီး ကျောင်းသား ကျောင်းသူ (၁၅၀) ခန့် တက်ရောက် စာသင်နေပါတယ်။

 “အရင်က ဆရာ၊ဆရာမ (၅) ယောက် ရှိပါတယ်၊ (၂)ယောက်က ပြောင်းသွားပြီး၊ အခုက တစ်ကျောင်းလုံးမှာ ဆရာ၊ဆရာမ (၃)ဘဲ ရှိတော့တယ်”လို့ ဒေသခံက ပြောပါတယ်။

ခဝဲကျေးရွာမှာ ပြည်မဘက်က စစ်ကောင်စီ အင်အား (၂၀၀)နီးပါး တပ်စခန်းချပြီး ကျေးရွာအတွင်း လူမူရေး၊ ကျန်းမာရေးတွေကို စည်းရုံးရေး ဆင်းနေကြလို့ သိရပါတယ်။

“ဆရာ၊ဆရာမ မရှိတော့ စစ်ကောင်စီတပ်သားတွေက စာသင်ပေးနေပါတယ်။ ရွာထဲမှာလည်း ကျန်းမာရေး ကူညီစောင့်ရှောက်မူတွေ လုပ်တယ်။ လူမူရေးအပိုင်းမှာလည်း ကူညီတယ်။ ငွေကြေးရေး အပိုင်းတော့ ကူညီတာမျိုးက မရှိပါဘူး”ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ကျောင်းဆရာ၊မ မလုံလောက်သောကြောင်း ပလက်ဝမြို့နယ်၊ ‌နယ်ကျွေးရွာများရှိ ကျောင်းများမှာ တစ်ကျောင်းလျှင် ဆရာ၊ ဆရာမ နှစ်ဦး၊ သုံးဦးနှုန်းနဲ့သာ ကျောင်းများဖွင့်ကာ စာသင်နေရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

အသက် ၄၅ နှစ်အောက် မာရာပြည်သူတိုင်းစစ်မှုထမ်းရမယ့်အဆိုကို MTC/MDF အတည်ပြု

၆ ၊ ဇွန်လ၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ မာရာနယ်မြေ အတွင်း အသက် ၁၈-၄၅ နှစ်ကြား မာရာပြည်သူများအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါအဝင် အဆိုပေါင်း ၂၀ ကိုအတည်ပြုနိုင်ခဲ့ကြောင်း Maraland Territorial Council ...

ဆက်ဖတ်ရန်