ပလက်ဝမှာ စက်လှေအချင်းချင်း မတော်တဆ တိုက်ခိုက်မူဖြစ်လို့ ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

စက်တင်ဘာလ ၉ရက်၊၂၀၂၄။

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ လေးမြိုမြစ်ရေမှာ စက်လှေ အချင်းချင်း မတော်တဆ တိုက်ခိုက်မှုဖြစ်လို့ ကလေးတစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Zalen ad

စက်တင်ဘာ ၆ရက်နေ့က မိသားစုတွေနဲ့အတူ ဆွေမျိုးတွေရှိတဲ့ ကိုဖေကြီးကျေးရွာကို ဟွန်ဒါစက်လှေဖြင့် သွားရောက်စဥ် ရှေ့ကနေ မောင်းနင်းလာတဲ့ စစ်လှေတစ်စီးက မတော်တဆ တိုက်မိသွားတာလို့ သိရပါတယ်။

“ဝင်တိုက်တဲ့ စက်လှေက ကြီးတော့ ဟွန်ဒါစက်လှေက မှောက်ကုန်တာ။ လူကြီးတွေက ဘာမှမဖြစ်ဘူး။ ကလေးကတော့ ရေမကူးတတ်တော့ ကယ်ဖို့အချိန်မရလိုက်ဘူး။ ရေနစ်ပြီး ဆုံးသွားတယ်။ အလောင်းတော့ပြန်ရတယ်။”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ရေနစ်သေဆုံးတဲ့ ကလေးငယ်ဟာ ကျေးတောကျေးရွာက အသက် (၈) နှစ်ဝန်းကျင် ဆလိုင်းမားလုံ သိရပါတယ်။

အဲ့ဒီ ယာဉ်တိုက်မှုကျူးလွန်တဲ့သူဟာ ပလက်ဝမြို့နယ်၊ အောက်ချိုင်းစကျေးရွာက ဖြစ်ပြီး လက်ရှိသူကို CDF(Daai) ဖမ်းဆီးထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

ပြစ်မူကျူးလွန်သူကို ဘယ်လိုမျိုးအရေးယူ ဆောင်ရွက်သွားမလဲဆိုတာ သိရဖို့ CDF(Daai)ကို ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရသေးပါ။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့သောက်သုံးရေအတွက် အဓိကအားထားရတဲ့ လိုင်ဗားဆည် ရေထိန်းဘားဖောက်ခံရမှုဖြစ်ပွား

မေ ၂၀၊ ၂၀၂၆ Zalen ချင်းပြည်နယ်အတွက် ဒေသတွင်းရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတဲ့ ဖလမ်း-ဟားခါးလမ်းပိုင်း တလန်ဇာရ်ကျေးရွာအနီးတွင်တည်ရှိတဲ့ လိုင်ဗားဆည်ရေထိန်းတံခါးကို မနေ့က မေလ ၁၉ရက်နေ့တွင် ရေထိန်းဘားဖောက်ချခံရတဲ့ သတင်းများထွက်ပေါ်လာပါတယ်။ အဆိုပါ ဆည်ဟာ ဖလမ်းမြို့နဲ့ မြို့အနီးတဝိုက်ကကျေးရွာတွေတွက် သောက်သုံးရေအပြင် ...

ဆက်ဖတ်ရန်