ဖလမ်းမြို့နယ် ဖလမ်း-ဟားခါးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့တပ်ဖွဲ့ကြား ဇူလိုင် ၂၀ ရက်နေ့က တိုက်ပွဲကြောင့် အနီးနားရှိကျေးရွာ ၄ ရွာကပြည်သူတွေဘေးလွတ်ရာသို့တိမ်းရှောင်ကြစဉ် အကြမ်းဖက်စစ်ကောင်စီတပ်တွေက အိမ်တံခါးကိုဖောက်ပြီး ပစ္စည်းတွေမွှေနှောက်ကာခိုးယူကြတယ်လို့သတင်းရရှိပါတယ်။
ထွက်ပြေးတိမ်းရှောင်ကြတဲ့ ကျေးရွာတွေကတော့ Thlanrawn ရွာ၊ Taal ရွာ၊ Tlangzar ရွာ၊ နဲ့ Zamual ရွာက အိမ်ခြေစုစုပေါင်း ၂၀၀ ကျော်ရှိပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေ Taal ကျေးရွာက အိမ်ခြေ ၂၀ ကျော်ကိုဖောက်ထွင်းဝင်ရောက်ကာ အဖိုးတန်ပစ္စည်းတွေဝင်ရောက်ရှာဖွေကာ ဆိုင်ကယ်တွေဖျက်ဆီးကြပါတယ်။
ရွာသားတစ်ယောက်က “စစ်သားတွေက ရွာအနီးမှာရှိနေကြတုန်းဆိုတော့ ဘာတွေဖျက်ဆီးကြတာလဲ၊ ဘာတွေပျောက်သွားတာလဲဆိုတာမသိရသေးဘူး။ ခြုံစောင်တွေခိုးသွားတာတော့ရှိတော့။ မနေ့က ရွာသား ၂ ယောက် အိမ်မှာ ထမင်းတွေပြန်ယူဖို့သွားတဲ့ချိန် ရွာထဲမှာစစ်သားတွေနဲ့တွေ့တော့ သူတို့ ဖုန်း ၃ လုံးလုယူသွားတယ်။ လူကတော့ပြန်လွတ်လိုက်တယ်။ ရွာသားတွေကတော့ ခုထိ အိမ်မပြန်ရဲကြသေးဘူး။ တောထဲမှာ မိုးကာတဲထိုးပြီးနေကြတယ်” လို့ပြောပါတယ်။
ဇူလိုင် ၂၀ ရက်က တိုက်ပွဲနဲ့ပတ်သက်ပြီး ဒေသခံ CNO/CNDF က တစုံတရာထုတ်ပြန်ချက် မရှိသေးပါ။
(Zawgyi)
ဖလမ္းၿမိဳ႕နယ္က တိုက္ပြဲေၾကာင့္႐ြာ ၄ ႐ြာကျပည္သူေတြထြက္ေျပးစဥ္ စကစတပ္ကအိမ္ေတြကို ေဖာက္ထြင္းဝင္ေရာက္ကာ ပစၥည္းေတြခိုးယူသြား
ဖလမ္းၿမိဳ႕နယ္ ဖလမ္း-ဟားခါးလမ္းေပၚတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္နဲ႔ ေဒသခံျပည္သူ႔တပ္ဖြဲ႕ၾကား ဇူလိုင္ ၂၀ ရက္ေန႔က တိုက္ပြဲေၾကာင့္ အနီးနားရွိေက်း႐ြာ ၄ ႐ြာကျပည္သူေတြေဘးလြတ္ရာသို႔တိမ္းေရွာင္ၾကစဥ္ အၾကမ္းဖက္စစ္ေကာင္စီတပ္ေတြက အိမ္တံခါးကိုေဖာက္ၿပီး ပစၥည္းေတြေမႊေႏွာက္ကာခိုးယူၾကတယ္လို႔သတင္းရရွိပါတယ္။
ထြက္ေျပးတိမ္းေရွာင္ၾကတဲ့ ေက်း႐ြာေတြကေတာ့ Thlanrawn ႐ြာ၊ Taal ႐ြာ၊ Tlangzar ႐ြာ၊ နဲ႔ Zamual ႐ြာက အိမ္ေျခစုစုေပါင္း ၂၀၀ ေက်ာ္ရွိပါတယ္။
အၾကမ္းဖက္စစ္ေကာင္စီတပ္ေတြ Taal ေက်း႐ြာက အိမ္ေျခ ၂၀ ေက်ာ္ကိုေဖာက္ထြင္းဝင္ေရာက္ကာ အဖိုးတန္ပစၥည္းေတြဝင္ေရာက္ရွာေဖြကာ ဆိုင္ကယ္ေတြဖ်က္ဆီးၾကပါတယ္။
႐ြာသားတစ္ေယာက္က “စစ္သားေတြက ႐ြာအနီးမွာရွိေနၾကတုန္းဆိုေတာ့ ဘာေတြဖ်က္ဆီးၾကတာလဲ၊ ဘာေတြေပ်ာက္သြားတာလဲဆိုတာမသိရေသးဘူး။ ၿခဳံေစာင္ေတြခိုးသြားတာေတာ့ရွိေတာ့။ မေန႔က ႐ြာသား ၂ ေယာက္ အိမ္မွာ ထမင္းေတြျပန္ယူဖို႔သြားတဲ့ခ်ိန္ ႐ြာထဲမွာစစ္သားေတြနဲ႔ေတြ႕ေတာ့ သူတို႔ ဖုန္း ၃ လုံးလုယူသြားတယ္။ လူကေတာ့ျပန္လြတ္လိုက္တယ္။ ႐ြာသားေတြကေတာ့ ခုထိ အိမ္မျပန္ရဲၾကေသးဘူး။ ေတာထဲမွာ မိုးကာတဲထိုးၿပီးေနၾကတယ္” လို႔ေျပာပါတယ္။
ဇူလိုင္ ၂၀ ရက္က တိုက္ပြဲနဲ႔ပတ္သက္ၿပီး ေဒသခံ CNO/CNDF က တစုံတရာထုတ္ျပန္ခ်က္ မရွိေသးပါ။