ဘဏ်တွေ လည်ပတ်ခြင်းမရှိတော့လို့ ချင်းပြည်နယ်တောင်ပိုင်းမှာ ငွေသားတွေ ရှားပါးလာ

မတ်လ ၆ရက်၊ ၂၀၂၅ ခုနှစ်

Zalen

ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ ဘဏ်တွေ လည်ပတ်ခြင်းမရှိတော့တာကြောင့် ငွေသားရှားပါးလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ချင်းပြည်နယ်တောင်ပိုင်းကို သိမ်းပိုက်ထားပြီးနောက် ဘဏ်တွေ လှည်ပတ်ခြင်းမရှိတော့ဘဲ ရပ်တန့်သွားကာ ငွေသားတွေရှားပါးလာတာဖြစ်ပါတယ်။

Zalen ad

“ဘဏ်တွေ မရှိတော့ ငွေထုတ်မယ့်နေရာလည်း မရှိဘူး။ တခုခုဝယ်မယ်ဆိုလည်း ငွေသားက မရှိဘူး။ ဒီဘက်မှာရှိတဲ့ငွေသားတွေကလည်း အဟောင်းတွေ၊ အစုတ်တွေချည်းများနေတယ်။”လို့ မတူပီမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို ငွေသား ရှားပါးလာတာကြောင့် ပြည်သူတွေဟာ ကျန်းမာရေး၊ လူမှုရေးနဲ့ စီးပွားရေးစတဲ့ အထွေထွေဖြေရှင်းရာမှာ အခက်အခဲ‌ကြုံ့တွေ့နေရတယ်လို့ ဆိုရပါတယ်။

kpay နဲ့ wave ဆိုင်တွေမှာလည်း ငွေသားရှားပါးလာတဲ့အတွက် မိမိထုတ်ယူလိုတဲ့ပမာဏ ထုတ်ယူလို့ မရရှိသလို ထုတ်ယူဖို့အတွက် ရက်စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။

“ဆိုင်မှာငွေထုတ်ဖို့ ၃ရက်၊ ၄ရက်လောက် စောင့်ရပါတယ်။ ဒါတောင် ကိုယ်ထုတ်ချင်သလောက် ထုတ်မရသေးဘူး။ ဆိုင်မှာရှိသလောက်ပဲ ထုတ်လို့ရတယ်။ အမြဲတမ်း ထုတ်မရဘူး။” လို့ ကန်ပက်လက်မြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ wave နဲ့ kpay ငွေထုတ်ယူရာမှာ ဝန်ဆောင်ခ ၁၀ ရာခိုင်နှုန်း၊ မင်းတပ် ၊ ကန်ပက်လက် နဲ့ မတူပီမြို့မှာ ၅ ရာခိုင်နှုန်း ပေးဆောင်ရတယ်လို့ သိရပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်