မင်းတပ်မြို့မှာ လေပြင်းတိုက်လို့ အဆောက်အအုံး (၂၃)လုံးအမိုးလန်ပျက်စီး

 

မနေ့ည လေပြင်းကြောင့် မင်းတပ်မြို့ ချင်းအမျိုးသားနေ့အတွက် ဆောက်ထားတဲ့စင်မြင့်ပြိုလဲမှုကို ဒီမနက်မြင်တွေ့ရစဉ်(Photo: Salai Mang Ghung)

မင်းတပ်မြို့မှာ လေပြင်းတိုက်လို့ အဆောက်အအုံး (၂၃)လုံးအမိုးလန်ပျက်စီး
မင်းတပ်မြို့နယ်မှာ ဖေဖော်ဝါရီလ (၁၇)ရက် နံနက် (၂)နာရီမှာလေပြင်းတိုက်ခတ်လို့ အဆောက်အအုံး (၂၃)လုံးအမိုးလန်ပျက်စီးခဲ့တာကြောင့် ခန့်မှန်းကုန်ကျစရိတ် (၁၄၃)သိန်းဖိုး ဆုံးရှုံးသွားတယ်လို့ မြို့နယ်ထွေအုပ်ရုံးစာရင်းအရသိရပါတယ်။
ယင်းပျက်စီးမှုတွင် ချင်းအမျိုးသားနေ့အတွက် ပြင်ဆင်ဆောက်လုပ်ထားတဲ့ မုဒ်ဦး၊ ရိုးရာပြခန်း၊ စင်မြင့်၊ သစ်သီးဝလံပြခန်းတွေအားလုံးပြိုလဲသွားပါတယ်။
အများစုက အိမ်အမိုးလန်ပျက်စီးတာဖြစ်ပြီး အဆောက်အအုံး (၂၀)လုံးပါပါတယ်။ ပျက်စီးမှုစာရင်းတွင် လူနေအိမ် (၁၄)လုံးနဲ့ စပါးကျီ၊ ကျောင်းဆောင်နဲ့ ဝန်ထမ်းအိမ်ရာ(၈)လုံးလည်းပါဝင်ပါတယ်။

နောက်ဆုံးရသတင်းများ

“အရေးကြီးပြီ” တော်လှန်ရေးသီချင်းကို စစ်တပ်က စာသားပြင်ပြီး ဝါဒဖြန့်မှု ဝေဖန်ရှုတ်ချခံနေရ

မေ ၂၆၊ ၂၀၂၆ Zalen စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ လူထုအမြဲ သီဆိုလေ့ရှိတဲ့ သမိုင်းဝင် တော်လှန်ရေးတေးသီချင်း “အရေးကြီးပြီ” ကို အာဏာသိမ်းစစ်တပ်က “စစ်သားသွေးနီ ရှေ့သို့ချီ” ဆိုပြီး အမည်ပြောင်းလဲ ကူးယူကာ စစ်တပ်ပိုင် မြဝတီရုပ်သံလိုင်း ...

ဆက်ဖတ်ရန်