မင်္ဂလာတောင်ညွှန့်မြို့နယ်က တိုက်ပေါ်မှပြုတ်ကျသေဆုံးတဲ့သူဟာ ချင်းအမျိုးသမီးဖြစ်နေ

ရန်ကုန် မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်လေးရပ်ကွက် ၉၁ လမ်းက ချင်း (မီဇိုး)အမျိုးသမီးဟာ ဒီမနက် ၁၁ နာရီခွဲလောက်က ရဲနဲ့ စစ်တပ်က ၅ လွှာရှိ ၎င်းအိမ်တံခါးလာခေါက်စဉ်ထိတ်လန့်ကာ နောက်ဖေးလှေကားမှပြုတ်ကျသဖြင့် သေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးဟာ ကလေးမြို့ တာဟန်းဇာတိ အသက် (၃၅နှစ်)ခန့်အရွယ် Ma Zuali (မဇွားလ်ငီး) ဖြစ်ပါတယ်။

ကန်တော်လေးရပ်ကွက်တွင်နေထိုင်တဲ့ ချင်းအမျိုးသမီးတစ်ဦးက “သူ့မိဘတွေက တာဟန်းမှာ။ သူတစ်ယောက်ထဲမှာ ဒီမှာနေတယ်။ ဒါကြောင့် သူဘယ်လိုဖြစ်တာလဲဆိုတာ ဘာမှမသိရသေးဘူး ချင်းအမျိုးသမီးဆိုတာတော့မှန်တယ်။ သတင်းတွေထဲမှာ ရေးသလို သူက ဆရာမတော့မဟုတ်ဘူး” လို့ပြောပါတယ်။

လက်ရှိကန်တော်လေးရပ်ကွက် ချင်းအသိုင်းအဝိုင်းတွေနဲ့ ရှေ့နေတွေက မဇွားလ်ငီးအလောင်းသယ်ဆောင်တဲ့ ရဲနောက်သုံးလိုက်ပြီး အမှုဆောင်ရွက်နေကြပါတယ်။

ပြည်တွင်းမီဒီယာတွေရေးသားချက်အရ ရဲ နဲ့ စစ်သားတွေဟာ ၉၁ လမ်းက
We Love Yangon အဖွဲ့ရုံးကိုဝင်စီး သေနတ် ပစ်ဖောက်ပြီးခြောက်လှန့်တဲ့တယ်လို့ ရေးသားထားပါတယ်။

ရန်ကုန် မဂ်လာတောင်ညွန့် ၉၁ လမ်းမှာရှိတဲ့ we love yangon ပရဟိတအဖွဲ့ကို ဒီကနေ့ နေ့လည်ခင်း ၁၁ နာရီခွဲလောက်က ရဲနဲ့စစ်တပ်အင်အား အများအပြားဝင်ရောက်စီးနင်းပြီးတော့ we love yangon ရဲ့ရုံးတံခါးတွေဖျက်ဆီးပြီးရုံးခန်းထဲဝင်ရောက်ပြီး ပြည်သူတွေကလှူဒါန်းထားတဲ့ပစ္စည်းတွေကို ယူဆောင်သွားတဲ့အပြင် စတင်စီးနင်းဝင်ရောက်စဉ်မှာပဲ သေနတ်တွေပစ်ဖောက်ခြောက်လှန့်ခဲ့တဲ့အတွက် we love yangon ရုံးခန်းရှိတဲ့တိုက်အပေါ်ထပ်ငါးလွှာမှ မိန်းခလေးတဦး ပုန်းအောင်းရင်း ၅လွှာမှပြုတ်ကျသွားတယ်လို့ မျက်မြင်တွေကပြောပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်