မရမ်းကုန်းနဲ့ တောင်ဥက္ကလာပ မြို့နယ်နှစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွား

၂၇၊ အောက်တိုဘာ၊ ၂၀၂၃

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်နဲ့ တောင်ဥက္ကဌလာပမြို့နယ်တွေမှာ အောက်တိုဘာ ၂၆ ရက် ညပိုင်းက ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ည ၇နာရီဝန်းကျင်မှာ တောင်ဥက္ကလာပမြို့နယ်ရှိ မြဝတီဘဏ်အနီးနဲ့ မရမ်းကုန်းမြို့နယ်က စစ်ကြောရေး ရဲစခန်းအနီးမှာ ပေါက်ခဲ့တာဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“ ပေါက်ကွဲသံတွေတော့ ကြားရတယ်။ အဲ့လို ကြားပြီးတော့ သူတို့က စစ်ဆေးတာတွေလုပ်တယ်။ မရမ်းကုန်းဘက်က နေအိမ်တချိုု့ကို ဧည့်စာရင်း ဝင်စစ်တာလည်းရှိတယ်လို့ ကြားတယ်။ တောင်ဥက္ကလာမှာ အဲ့ပေါက်ကွဲတဲ့ နေရာရဲ့အနီးအနားက လမ်းသွားလမ်းလာတွေ၊ ကားတွေ စစ်တာရှိတယ်။ ” လို့ တောင်ဥက္ကလာပမြို့ခံတစ်ဦးက ပြောပါတယ်။

Zalen ad

အဲဒီပေါက်ကွဲမှုနှစ်ခုလုံးကို  အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲခဲ့တာလို့ ပြောကြပေမယ့် တိတိကျကျ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

အောက်တိုဘာလ ၂၅ ရက် နေ့ ညက အင်းစိန်မြို့နယ်၊ စစ်ကောင်စီ စုပေါင်းရုံးအနီးမှာ လည်း ပေါက်ကွဲမှုဖြစ်ခဲ့ပါ သေးတယ်။

ချစ်ခြင်းနွေ

နောက်ဆုံးရသတင်းများ

“အရေးကြီးပြီ” တော်လှန်ရေးသီချင်းကို စစ်တပ်က စာသားပြင်ပြီး ဝါဒဖြန့်မှု ဝေဖန်ရှုတ်ချခံနေရ

မေ ၂၆၊ ၂၀၂၆ Zalen စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ လူထုအမြဲ သီဆိုလေ့ရှိတဲ့ သမိုင်းဝင် တော်လှန်ရေးတေးသီချင်း “အရေးကြီးပြီ” ကို အာဏာသိမ်းစစ်တပ်က “စစ်သားသွေးနီ ရှေ့သို့ချီ” ဆိုပြီး အမည်ပြောင်းလဲ ကူးယူကာ စစ်တပ်ပိုင် မြဝတီရုပ်သံလိုင်း ...

ဆက်ဖတ်ရန်