မလေးရှားမှာ စာရွက်စာတမ်း အတုလုပ်ပေးတဲ့ မြန်မာသုံးဦး ထောင်ဒဏ်များချမှတ်ခံရ

ဇန်နဝါရီ ၂၃၊ ၂၀၂၆

မလေးရှားနိုင်ငံအတွင်း နိုင်ငံခြားသားတွေအတွက် စာရွက်စာတမ်းနဲ့ ပတ်စပို့အတုများ ပြုလုပ်ပေးနေတဲ့  မြန်မာနိုင်ငံသား  ဆန်းလွင် အပါအဝင် သုံးဦးကို မလက္ကာတရားရုံးက မနေ့မှာ ထောင်ဒဏ် ၁၃ နှစ်ကျော် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

တရားခံ ဆန်းလွင်ဟာ ပတ်စပို့အတု၊ စာရွက်စာတမ်းအတုနဲ့ UNHCR ကတ်အတုတွေ လက်ဝယ်ထားရှိမှု၊ အသုံးပြုမှု အပါအဝင် စွဲချက်ပေါင်း (၁၇) ခုဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ပါတယ်။

Zalen ad

၎င်းနဲ့အတူ ဖမ်းဆီးရမိတဲ့ အခြားမြန်မာနိုင်ငံသားနှစ်ဦးဖြစ်သော ဇော်နိုင် (၃၁) နှစ် နဲ့ ခင်စောဝေ (၂၆) နှစ်တို့ကိုလည်း ထောင်ဒဏ် ၁၄ လစီချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် ယင်းအမှုနဲ့ ဆက်စပ်၍ အသက် ၁၈ နှစ်အရွယ် မူဟာမက်နူရ် ဆိုသူကိုလည်း UNHCR ကတ်အတု ကိုင်ဆောင်မှုဖြင့် ရင်းဂစ် ၅,၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။

၎င်းတို့အဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းက မလက္ကာအလယ်ပိုင်းရှိ တိုက်ခန်းတစ်ခုမှာ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။

တရားခွင်အတွင်း ဆန်းလွင်က မိမိအနေဖြင့် မလေးရှားဥပဒေကို နားမလည်ခဲ့ကြောင်းနဲ့ အသက် ၉၀ အရွယ် မိခင်အိုကြီးအပါအဝင် မိသားစုကို လုပ်ကျွေးနေရသူဖြစ်သဖြင့် သက်ညှာပေးဖို့ လျှောက်ထားခဲ့ပါတယ်။

တရားသူကြီးက ဆန်းလွင်အား စုစုပေါင်းထောင်ဒဏ် ၁၃ နှစ်နဲ့ ၇ လချမှတ်ခဲ့ပေမဲ့ ပြစ်ဒဏ်များကို တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချခဲ့တဲ့အတွက် ၎င်းဟာ ပြစ်ဒဏ်အများဆုံး သတ်မှတ်ထားတဲ့ ကာလတစ်ခုကိုသာ အကျဉ်းကျခံရမည်ဖြစ်ပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်