မြန်မာ့လေကြောင်းလိုင်းဖြင့် စစ်သားတွေအရပ်ဝတ်တွေနဲ့ ကလေးမြို့လေဆိပ်သို့ ၄ ကြိမ်ဆင်းသက်

မန္တလေးကနေ ကလေးမြို့လေဆိပ်သို့ အာဏာသိမ်း စစ်ကောင်စီတပ်သားတွေဟာ မြန်မာ့လေကြောင်းလိုင်းကိုစီးကာ ၄ ကြိမ်ဆင်းသက်လာတယ်လို့ သတင်းရရှိပါတယ်။

ယနေ့ နိုဝင်ဘာ ၂၃ ရက်တွင် ကလေးမြို့လေဆိပ်သို့ အာဏာသိမ်းစစ်ကောင်စီတပ်သား ၃၀ ဟာ အရပ်ဝတ်နဲ့ မြန်မာ့လေကြောင်းလိုင်းဖြင့် တစ်ကြိမ် ဆင်းသက်လာကြပါတယ်။ အရင်ပတ်အတွင်းမှာလည်း မြန်မာ့လေကြောင်းလိုင်းနဲ့ ၃ ကြိမ်ဆင်းလာကြတယ်လို့သိရတယ်။ အခေါက်တိုင်းတွင် စစ်သား ၃၀ လိုက်ပါလာကြပါတယ်။

အာဏာသိမ်းစစ်တပ်တွေဟာ အရင်ကတော့ စစ်တပ်လေယာဉ်တွေနဲ့ ဆင်းလာကြပေမယ့် အခုအချိန်မှာတော့ ခရီးသည်တင်လေယာဉ်တွေအသုံးပြုကာ တပ်သားပြောင်းရွေ့မှုတွေပြုလုပ်လာကြပါတယ်။

Zawgyi

Zalen ad

ျမန္မာ့ေလေၾကာင္းလုိင္းျဖင့္ စစ္သားေတြအရပ္ဝတ္ေတြနဲ႔ ကေလးၿမိဳ႕ေလဆိပ္သို႔ ၄ ၾကိမ္ဆင္းသက္

မႏၱေလးကေန ကေလးၿမိဳ႕ေလဆိပ္သို႔ အာဏာသိမ္း စစ္ေကာင္စီတပ္သားေတြဟာ ျမန္မာ့ေလေၾကာင္းလုိင္းကိုစီးကာ ၄ ၾကိမ္ဆင္းသက္လာတယ္လုိ႔ သတင္းရရွိပါတယ္။

ယေန႔ ႏိုဝင္ဘာ ၂၃ ရက္တြင္ ကေလးၿမိဳ႕ေလဆိပ္သို႔ အာဏာသိမ္းစစ္ေကာင္စီတပ္သား ၃၀ ဟာ အရပ္ဝတ္နဲ႔ ျမန္မာ့ေလေၾကာင္းလုိင္းျဖင့္ တစ္ၾကိမ္ ဆင္းသက္လာၾကပါတယ္။ အရင္ပတ္အတြင္းမွာလည္း ျမန္မာ့ေလေၾကာင္းလုိင္းနဲ႔ ၃ ၾကိမ္ဆင္းလာၾကတယ္လုိ႔သိရတယ္။ အေခါက္တုိင္းတြင္ စစ္သား ၃၀ လုိက္ပါလာၾကပါတယ္။

အာဏာသိမ္းစစ္တပ္ေတြဟာ အရင္ကေတာ့ စစ္တပ္ေလယာဥ္ေတြနဲ႔ ဆင္းလာၾကေပမယ့္ အခုအခ်ိန္မွာေတာ့ ခရီးသည္တင္ေလယာဥ္ေတြအသံုးျပဳကာ တပ္သားေျပာင္းေရြ႕မႈေတြျပဳလုပ္လာၾကပါတယ္။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်