လမ်းဇန်ကျေးရွာတွင် ခရစ်ယာန်ဘာသာ နှစ်တစ်ရာပြည့်ပွဲအထိမ်းအမှတ် သစ်ပင် ၁၆၀၀ စိုက်ပျိုး

လမ်းဇန်ကျေးရွာတွင် ခရစ်ယာန်ဘာသာ နှစ်တစ်ရာပြည့်ပွဲအထိမ်းအမှတ် သစ်ပင် ၁၆၀၀ စိုက်ပျိုး

တီးတိန်မြို့ နဲ့သုံးမိုင်အကွာ လမ်းဇန်ကျေးရွာတွင် ခရစ်ယာန်ဘာသာနှစ် တစ်ရာပြည့်ပွဲအထိမ်းအမှတ်အနေနဲ့ ခါတော်မှီသစ်ပင် ၁၆၀၀ ကို ဇွန်လ ၂၄ ရက်တွင်စိုက်ပျိုးကြပါတယ်။

လမ်းဇန်ရွာသား ပူးဒမ်လျန်ဟာ ၁၉၂၀ ခုနှစ်တွင် ခရစ်ယာန်ဘာသာကိုယုံကြည်လက်ခံခဲ့ပါတယ်။ ယင်းအတွက် နှစ် ၁၀၀ ပြည့်ပွဲကို ၂၀၂၀ ခုနှစ် မတ်လတွင် ကျင်းပသွားဖို့ရှိပါတယ်။

လမ်းဇန်ရွာ ခရစ်ယာန်ဘာသာနှစ် ၁၀၀ ပြည့်ပွဲဖြစ်မြောက်ရေးကော်မတီ ညိုနှိုင်းရေးမှူး ကိုခုပ်ရှန်ပေါင်က “နောက်နှစ်မှာကျင်းပမယ့် နှစ် ၁၀၀ ပြည့်ပွဲကိုရည်စူးပြီးစိုက်တာပါ။ တခြားပွဲတွေကတော့ ဝက်သတ်ပြီးတော့ကုန်သွားတယ်။ အခုကတော့ ပွဲရဲ့ ရလဒ်တစ်ခုထွက်လာတယ်လို့ပြောရမှာပေါ့။ လမ်းဇန်က ရိကားလမ်းပေါ်မှာရှိပြီးတော့ တီးတိန်နဲ့ သုံးမိုင်ပဲဝေးပါတယ်။ အဲ့ကားလမ်းဘေးတလျှောက် အပင်တွေစိုက်ထားတယ်။ လူငယ်တွေသာမက ဘာသာရေး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေလည်း ပါဝင်ကြတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးက အပင်ထိန်းသိမ်းဖို့တာဝန်ယူမယ်လို့လဲပြောတယ်” လို့ပြောပါတယ်။

ပျိုးပင်တွေကို Thomas Gold Co.ltd & Thomas Money Changer ကအခမဲ့လှူဒါန်းထားပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်