သမိုင်းဝင် သုံးကြိမ်ဆက်တိုက်ဝန်ကြီးချုပ်သက်တမ်းအနိုင်ရဖို့ သေချာနေပြီဖြစ်တဲ့ မိုဒီ

၀၅၊ ဇွန်လ၊ ၂၀၂၄။

Zalen

အိန္ဒိယဝန်ကြီးချုပ် မိုဒီကတော့ သမိုင်းဝင် ဝန်ကြီးချုပ်ရာထူးအတွက် ရွေးကောက်ပွဲ သုံးကြိမ်ဆက်တိုက် အနိုင်ရဖို့ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဆယ်စုနှစ်တစ်ခုအတွင်း BJP ပါတီဟာ အများခန့်မှန်းထားသလို မဟုတ်ဘဲ ရွေးကောက်ပွဲကို ကျည်းမြောင်းတဲ့အသာမဲနဲ့ အနိုင်ရရှိသွားမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲရလဒ်ကြောင့် စီးပွားရေးလုပ်ငန်းရှင်တစ်ချို့ကို စိုးရိမ်လာစေပါတယ်၊ ရွေးကောက်ပွဲရလဒ်ထွက်လာတာနဲ့ စတော့တန်ဖိုးတွေကလည်း ဆက်တိုက်ဆိုသလို ကျဆင်းလာနေပါတယ်၊ မိုဒီ စတင်အာဏာရရှိလာခဲ့တဲ့ ၂၀၁၄ နောက်ပိုင်း အခုလို စတော့တန်ဖိုးကျဆင်းလာတာ ဖြစ်ပါတယ်။ မိုဒီကတော့ အစိုးရဖွဲ့နိုင်ရန်အတွက် အခြားပါတီများနဲ့ နိုင်ငံရေးမဟာတ်မိတ်ဖွဲ့သောကြောင့် အစိုးရဖွဲ့နိုင်တဲ့ ထိုင်ခုံနေရာကို အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

ဒီလို အခြေအနေများကြောင့် ဆယ်စုနှစ်တစ်ခုအထိ နိုင်ငံကို အုပ်ချုပ်လာခဲ့တဲ့ မိုဒီရဲ့ လက်ထက်မှာ မူဝါဒရေးဆွဲရေးတွင် မရေရာ မသေချာမှုများ ပိုများလာနိုင်တယ်လို့ လေ့လာသူများကတော့ ခန့်မှန်းထားပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက မိုဒီဦးဆောင်တဲ့ BJP ပါတီဟာ မဲအများစုကို အနိုင်ရရှိခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ အတည်ငြိမ်တဲ့ ညွှန့်ပေါင်းအစိုးရခေတ်ကို အဆုံးသတ်သွားစေခဲ့ပါတယ်၊ ၂၀၁၉ ခုနှစ်တုန်းကလည်း BJP ပါတီဟာ အစိုးရဖွဲ့နိုင်တဲ့အထိ ရွေးကောက်ပွဲကို အနိုင်ရရှိခဲ့ပါတယ်။

“ဆယ်နှစ်ကြာလာပေမဲ့ ပြည်သူတွေရဲ့ ကောင်းချီးပေးမှုဟာ ကျွန်တော်တို့ကို စိတ်ဓါတ်ခွန်အားတက်စေပါတယ်။ အတိုက်အခံပါတီများဟာ စည်းလုံးပြီး ကျွန်တော်တို့ကို အနိုင်ယူဖို့ ကြိုးစားကြပေမဲ့ BJP လောက်တောင် ထိုင်ခုံနေရာ မရကြပါဘူး” လို့ ဝန်ကြီးချုပ်မိုဒီက ပြောပါတယ်။ မိုဒီကတော့ အီလက်ထရာနစ်၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတွင် ကြီးမားတဲ့ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန် အလုပ်ပိုကြိုးစားမယ်လို့ ပြောပါတယ်။

ရုပ်မြင်သံကြားသတင်းဌာနများရဲ့ ဖော်ပြချက်အရ ထိုင်ခံပေါင်း ၅၄၃ ခုံရှိတဲ့ အောက်လွတ်တော်မှာတော့ BJP ဦးဆောင်ထားတဲ့ နိုင်ငံရေးမဟာမိတ်ပါတီ NDA ပါတီက ၂၉၀ နေရာနဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး အောက်လွှတ်တော်မှာတော့ ထိုင်ခုံနေရာပေါင်း ၂၇၂ ရရှိမှသာ အစိုးရဖွဲ့နိုင်တဲ့ အမတ်နေရာ ရရှိမှာ ဖြစ်ပါတယ်။ NDA အနိုင်ရရှိထားတဲ့ ထိုင်ခုံနေရာပေါင်း ၂၉၀ မှာ BJP က ၂၄၀ ခန့် အနိုင်ရရှိထားတာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကတော့ BJP က ၃၀၃ နေရာအထိ အနိုင်ရရှိခဲ့ပါတယ်။

NDA ခေါင်းဆောင်များစုကလည်း မိုဒီကို ဝန်ကြိးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ရန် ထောက်ခံထားကြပြီဖြစ်ပါတယ်။ BJP ပါတီနဲ့အတူတူ အစိုးရအသစ်ကိုဖွဲ့ရန် နိုင်ငံရေးမဟာမိတ်ဖွဲ့ထားတဲ့ ပါတီကတော့ Telegu Desam Party (TDP) နှင့် Janata Dal (United) ပါတီတို့ဖြစ်ပါတယ်။

ဒီနှစ်ရွေးကောက်ပွဲမှာ BJP ရွေးကောက်ပွဲရလဒ်မကောင်းရတဲ့ အကြောင်းအရင်းကတော့ လူဦးရေထူထပ်တဲ့ ဥသာပရာဒေ့ရှ်ပြည်နယ်မှာ ရလဒ်မကောင်းသောာကြောင့် ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒီပြည်နယ်ကနေ အောက်လွတ်တော်နေရာ ၈၀ အထိ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြပါတယ်။ ဒီပြည်နယ်မှာတော့ BJP ပါတီဟာ ၃၃ နေရာသာ ရရှိခဲ့ပါတယ်၊ ၂၀၁၉ ခုနှစ်တုန်းကတော့ ၆၂ နေရာအထိ ရရှိခဲ့ပါတယ်။

အသက် ၇၃ နှစ်အရွယ်ရှိတဲ့ မိုဒီကတော့ ၂၀၁၄ ခုနှစ်တွင် အာဏာစတင်ရရှိလာခဲ့ပြီး တိုးတက်မှုနှင့် ပြောင်းလဲမှုများ ဖော်ဆောင်ပေးမယ်ဟုဆိုကာ ရွေးကောက်ပွဲ အနိုင်ရရှိလာခဲ့တာဖြစ်ပါတယ်။ သူကတော့ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရရှိပြီး နေရူးပြီးနောက် ဝန်ကြီးချုပ်တာဝန်ကို ဒုတိယအကြိမ်အထိ တာဝန်ထမ်းဆောင်လာသူဖြစ်ပြီး ဒီတစ်ကြိမ်လည်း ဝန်ကြီးချုပ်နေရာ ရရှိရန် သေချာသလောက်ရှိနေပြီဖြစ်သောကြောင့် နိုင်ငံရဲ့ သမိုင်းမှာ ဝန်ကြီးချုပ်တာဝန်ကို ၃ ကြိမ်ဆက်တိုက် ထမ်းဆောင်လာတဲ့ ပထမဦးဆုံးဝန်ကြီးချုပ်ဖြစ်လာမှာ ဖြစ်ပါတယ်။

သတင်း – Sabang

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်