အိန္ဒိယနိုင်ငံတွင် ချင်းစစ်ဘေးရှောင် ၂ ဦးထံ ကိုဗစ်-၁၉ ပိုးတွေ့ရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ဝင်ရောက်တိမ်းရှောင်နေတဲ့ လူငယ် ၂ ယောက်စီကနေ ကိုဗစ်-၁၉ ပိုးတွေ့ရှိတယ်လို့ ဒေသသတင်းတွေမှာ ဒီနေ့က ကြေညာသွားပါတယ်။

ကလေးမြို့ တာဟန်းရပ်ကွက်မှာနေထိုင်တဲ့ အသက် (၂၇)နှစ်အရွယ် အမျိုးသားဟာ တနင်္ဂနွေနေ့က မီဇိုရမ်ပြည်နယ် နယ်စပ် ဇိုခေါ်သာရ်ရွာကနေ အိုက်ဇောလ်မြို့သို့ တက္ကစီနဲ့ထွက်လာခဲ့ပါတယ်။

အိုက်ဇောလ်မြို့သို့ရောက်တဲ့ချိန်မှာ ဧည့်သည်တွေကို ကိုဗစ်-၁၉ စစ်ဆေးတဲ့ချိန် အခုလို ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။

ဒါပြင့် အသက် (၂၄)နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးထံကနေလည်း ကိုဗစ်-၁၉ ပိုးထပ်မံတွေ့ရှိကြပါတယ်။

၎င်းတို့ ၂ ဦးဟာ အိုက်ဇောလ်မြို့ဆေးရုံ သီးသန့်ခန်းတွင် ကုသလျက်ရှိပါတယ်။ ခုတလော မီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ပိုးကူးစက်မှုများပြားလာပြီး ဒီနေ့တွင်လည်း လူငယ်အမျိုးသားတစ်ယောက် ကိုဗစ်ရောဂါနဲ့သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

 

နောက်ဆုံးရသတင်းများ

ZZLMS နယ်မြေအတွင်းရှိလူငယ်လူရွယ်များအတွက် ခရီးသွားလာခွင့်ကန့်သတ်

ဒီဇင်ဘာ ၂၀၊ ၂၀၂၅ Zalen ချင်းပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ ZZLMS နယ်မြေဧရိယာအတွင်းရှိ လူငယ်များအနေဖြင့် တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်ကြရန် ဖိတ်ခေါ်ထားပြီး ခရီးသွားလာခွင့်ကိုလည်းကန့်သတ်ကြောင်း ZZLMS က ဒီကနေ့ထုတ်ပြန်ပါတယ်။ ZZLMS ဟာ ဇိုတုန်၊ ဇိုဖဲ၊ ...

ဆက်ဖတ်ရန်