ကလေးမြို့နယ်အတွင်းက UG စခန်းတစ်ခုနဲ့ လေးအိမ်စုရွာကနေအိမ် ၂ လုံးကို မီးရှို့ပြီး အရပ်သား ၂ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ကလေးမြို့ အနောက်တောင်ဘက်ကရှိ လေးအိမ်စုရွာက လူနေအိမ် ၂ လုံးနဲ့ UG စခန်းတစ်ခုကို စစ်ကောင်စီတပ်သားတွေက မီးရှို့တဲ့အပြင် လယ်လုပ်နေတဲ့ အရပ်သား ၂ ဦးကို ပစ်သတ်သွားကြတယ်လို့ သတင်းရရှိပါတယ်။

ယနေ့သြဂုတ်လ ၁၆ ရက်မနက် ၆ နာရီလောက်တွင် စစ်ကောင်စီအင်အား ၅၀ လောက်ဟာ ကလေးမြို့ အနောက်တောင်ဘက်သို့စစ်ကြောင်းထိုးလာပြီး UG စခန်းမီးရှို့ဖျက်စီးခံခဲ့ရပြီးလက်လုပ်ရိုင်ဖယ်၁လက် ဖုန်း နှင့် ပစ္စည်းအချို့ ဆုံးရှုံးတယ်လို့ PDF-Kalay တပ်ရင်း-၂ ကထုတ်ပြန်ထားပါတယ်။

299191899_159692346640743_5906007102483721999_n

UG ရဲဘော်များ ဘေးကင်းစွာလွတ်မြောက်ခဲ့ပေမယ့် စခန်းအနီးမှာလယ်လုပ်နေတဲ့ အရပ်သား ၂ ဦးကို အကြာင်းမဲ့ပစ်သတ်သွားကြပါတယ်။

ပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ လေးအိမ်စုရွာသို့ဝင်လာပြီး လူနေအိမ် ၂ လုံးကိုမီးရှို့ကြပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ လက်ပံခုံရွာကနေတဆင့် ကလေးမြို့ ဒကစတပ်တွင်းသို့ပြန်လည်ဆုပ်ခွာသွားကြပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်