ကလေးမြို့ ပိုးတွေ့လူနာတို့အိမ်လမ်းကို lock down ချပြီး လူနာကို တိုင်းရင်းဆေးရုံတွင်ထားမယ်

ကလေးမြို့ တပ်ဦးသီတာရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါ Case -1 ရဲ့အဒေါ် (၆၄ နှစ်)ထံ ဒီမနက် COVID-19 ပို့တွေ့ရှိတယ်လို့ ပြည်ထောင်စု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာထားပါတယ်။

တီးတိန်က Case -1 လူနာဟာ ယခုပိုးတွေ့လူနာတို့နေအိမ်တွင် (၂)ညအိပ်ပြီး တောင်ပေါ်သို့ပြန်သွားရာအဒေါ်ဖြစ်သူလည်းလိုက်ပါပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။

Case -1 လူနာတွင် ပိုးတွေ့ရှိကြောင်းကြေညာတဲ့ချိန်မှာ ကလေးမြို့သို့ပြန်လာပြီး (၁၄)ကြာ စောင့်ကြည့်လူနာအဖြစ်ထားကာ ကျန်းမာရေးအခြေအနေကောင်းတာကြောင့် အိမ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် Case -1 လူနာရဲ့ မိခင်ဟာ (၁၆)ရက်အကြာမှာ ရောဂါပိုးတွေ့လာသဖြင့် ၎င်းကိုလည်း ရောဂါစစ်ဆေးရာ အခုလိုပိုးတွေ့ခဲ့ခြင်းဖြစ်ပါတယ်။

သူတို့နေထိုင်တဲ့ ခါနန်လမ်းကို ဒီမနက်ကနေ ပိတ်ထားပြီး လမ်းအတွင်းရှိ အိမ်ခြေ (၂၀)ကို အဝင်၊အထွက်ပိတ်ထားမယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခုပ်ကျင်းထန်ကဆိုပါတယ်။

ပိုးတွေလူနာကို နေပြည်တော်ရပ်ကွက် ဝန်ထမ်းအိမ်ရာအနီးရှိ တိုင်းရင်းဆေးရုံတွင် ထားရှိမှာဖြစ်ပြီး ၎င်းရဲ့ မိသားစုဝင်တွေဖြစ်တဲ့ အိမ်ထောင်ဦးစီး၊ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့ ချွေးမတွေကို သူနာပြုသင်တန်းကျောင်းတွင် Quarantine လုပ်မှာဖြစ်ပါတယ်။

(Zawgyi)

ကေလးၿမိဳ႕ ပိုးေတြ႕လူနာတို႔အိမ္လမ္းကို lock down ခ်ၿပီး လူနာကို တိုင္းရင္းေဆး႐ုံတြင္ထားမယ္

ကေလးၿမိဳ႕ တပ္ဦးသီတာရပ္ကြက္တြင္ ကိုဗစ္-၁၉ ေရာဂါ Case -1 ရဲ႕အေဒၚ (၆၄ ႏွစ္)ထံ ဒီမနက္ COVID-19 ပို႔ေတြ႕ရွိတယ္လို႔ ျပည္ေထာင္စု က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ေၾကညာထားပါတယ္။

တီးတိန္က Case -1 လူနာဟာ ယခုပိုးေတြ႔လူနာတို႔ေနအိမ္တြင္ (၂)ညအိပ္ၿပီး ေတာင္ေပၚသို႔ျပန္သြားရာအေဒၚျဖစ္သူလည္းလိုက္ပါပို႔ေဆာင္ခဲ့တယ္လို႔သိရပါတယ္။

Case -1 လူနာတြင္ ပိုးေတြ႕ရွိေၾကာင္းေၾကညာတဲ့ခ်ိန္မွာ ကေလးၿမိဳ႕သို႔ျပန္လာၿပီး (၁၄)ၾကာ ေစာင့္ၾကည့္လူနာအျဖစ္ထားကာ က်န္းမာေရးအေျခအေနေကာင္းတာေၾကာင့္ အိမ္ျပန္ခဲ့ပါတယ္။ ဒါေပမယ့္ Case -1 လူနာရဲ႕ မိခင္ဟာ (၁၆)ရက္အၾကာမွာ ေရာဂါပိုးေတြ႕လာသျဖင့္ ၎ကိုလည္း ေရာဂါစစ္ေဆးရာ အခုလိုပိုးေတြ႕ခဲ့ျခင္းျဖစ္ပါတယ္။

သူတို႔ေနထိုင္တဲ့ ခါနန္လမ္းကို ဒီမနက္ကေန ပိတ္ထားၿပီး လမ္းအတြင္းရွိ အိမ္ေျခ (၂၀)ကို အဝင္၊အထြက္ပိတ္ထားမယ္လို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးခုပ္က်င္းထန္ကဆိုပါတယ္။

ပိုးေတြလူနာကို ေနျပည္ေတာ္ရပ္ကြက္ ဝန္ထမ္းအိမ္ရာအနီးရွိ တိုင္းရင္းေဆး႐ုံတြင္ ထားရွိမွာျဖစ္ၿပီး ၎ရဲ႕ မိသားစုဝင္ေတြျဖစ္တဲ့ အိမ္ေထာင္ဦးစီး၊ သားတစ္ေယာက္၊ သမီးတစ္ေယာက္နဲ႔ ေခြၽးမေတြကို သူနာျပဳသင္တန္းေက်ာင္းတြင္ Quarantine လုပ္မွာျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်