ကလေးမြို့နယ်မှာ စားသုံးသူများနစ်နာမှုတိုင်ကြားနိုင်ရန် သေတ္တာ (၂၇၀)ကျော်ချထား

 

ကလေးမြို့နယ်မှာ စားသုံးသူများနစ်နာမှုတိုင်ကြားနိုင်ရန် သေတ္တာ (၂၇၀)ကျော်ချထား
ကလေးမြို့နယ်မှာ စားသုံးသူများ နစ်နာမှုရှိပါက တိုင်ကြားနိုင်ရန် ပလပ်စတစ်သေတ္တာပုံး (၂၇၉)လုံးကို ရပ်ကွက်၊ ကျေးရွာ၊အုပ်စုအုပ်ချုပ်ရေးရုံးနဲ့စာသင်ကျောင်းတွေမှာ ချထားတယ်လို့ ကလေးခရိုင်စားသုံးသူများကာကွယ်ရေးဦးစီးဌာနရုံးမှသတင်းရရှိပါတယ်။
ပလစ်စတစ်သေတ္တာပုံးထားရှိတဲ့နေရာတွေကတော့ မြို့တွင်းရပ်ကွက်(၂၀)က အုပ်ချုပ်ရေးရုံးတွေ၊ ကျေးရွာ၊အုပ်စုအုပ်ချုပ်ရေးရုံးမှာ (၄၀)နဲ့ အလယ်တန်းနဲ့အထက်တန်းကျောင်းပေါင်း (၂၁၃)ကျောင်းမှာ ချထားပါတယ်။
ကလေးခရိုင် စားသုံးသူများကာကွယ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးအောင်က “ဒီနှစ်ဇန်နဝါရီလက စပြီး စည်းရုံးရေးဆင်းပြီး စထားတယ်။ ပုံးထားတဲ့နေရာတိုင်းမှာ တိုင်ကြားမယ့်နည်းစနစ်တွေစာကပ်ထားပါတယ်။ တိုင်ကြားနိုင်တဲ့ အမှုတွေကတော့ ပစ္စည်းကို မှားယွင်းစွာဖော်ပြမှု၊ မမှန်မကန်ကြော်ငြာမှု၊ အပြုသဘောဖြစ်ဆောင်ရွက်ခြင်းမဟုတ်တဲ့ ပြုလုပ်မှု ဒါတွေနဲ့ပတ်သက်ပြီး စားသုံးသူမှာအခွင့်အရေးဆုံးရှုံးတယ်၊ နစ်နာတယ်ဆိုရင်တိုင်ကြားလို့ရပါတယ်လို့ဖော်ပြထားတယ်။ ရပ်ကွက်တိုင်း၊ အုပ်စုတိုင်းမှာ ပုံးထားနိုင်ဖို့စီစဉ်သွားမယ်။ ဌာနရဲ့ဆောင်ရွက်ချက်ပေါ်မှာ အကြံပြုချက်တွေလည်းထည့်လို့ရတယ်”လို့ပြောပါတယ်။
လက်ရှိ ခရိုင်စားသုံးသူကာကွယ်ရေးဌာနမှာ တိုင်စာစုစုပေါင်း (၁၅)စောင်ရောက်ရှိပြီဖြစ်ပြီး တယ်လီနော်ဖုန်းဘီလ်ကိစ္စနဲ့ မြို့မဈေးဝက်သားရောင်းတဲ့ကိစ္စတွေလည်းပါဝင်ပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာအတွက် အရေးကြုံရင် အမြဲတမ်း ပထမဆုံး ကူညီပေးသူအဖြစ် ဆက်လက်ရပ်တည်မယ်လို့ အိန္ဒိယ ဝန်ကြီးချုပ်ပြော

ဇွန် ၁၊ ၂၀၂၆Zalen အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရတဲ့ အိမ်နီးချင်း၊ အားထားရတဲ့ မိတ်ဖက်ဖြစ်သလို ဘေးအန္တရာယ်နဲ့ အရေးကြုံချိန်တိုင်းမှာလည်း အမြဲတမ်း ပထမဆုံး ရှေ့တန်းကနေ ကူညီပံ့ပိုးပေးသူ (First Responder) အဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့ အိန္ဒိယဝန်ကြီးချုပ် ...

ဆက်ဖတ်ရန်