ချင်းပြည်နယ်ရဲ့ ပထမဆုံး သားဖွားသင်တန်းကျောင်း ဆောက်လုပ်ဖို့ ပန္နက်တင်အခမ်းအနားပြုလုပ်

 

Photo: Hakha Iprd

ချင်းပြည်နယ်ရဲ့ ပထမဆုံး သားဖွားသင်တန်းကျောင်း ဆောက်လုပ်ဖို့ ပန္နက်တင်အခမ်းအနားပြုလုပ်
ချင်းပြည်နယ်ရဲ့ ပထမဆုံး သားဖွားသင်တန်းကျောင်း ဆောက်လုပ်ဖို့ ဟားခါးမြို့မှာ ပန္နက်တင်အခမ်းအနားကို ဒီမနက် (၈)နာရီမှာကျင်းပပါတယ်။
သားဖွားသင်တန်းကျောင်း တည်ဆောက်ဖို့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၉၇၃ ဒသမ ၂၀၀)ချပေးထားပါတယ်။
ဒီအဆောက်အုံးကို Power Seven ကုမ္ပဏီက တာဝန်ယူဆောက်လုပ်သွားမှာဖြစ်ပြီး သင်တန်းသူအိပ်ဆောင်၊ အုပ်ချုပ်ရေးမှူးဆောင်၊ မြေထိန်းနံရံနဲ့ မြေတူးခြင်းလုပ်ငန်းများပါဝင်ပါတယ်။
အဆိုပါ သင်တန်းကျောင်းကို ဟားခါးပညာရေးကောလိပ်ကျောင်းအနီး ဧက(၂၃)အကျယ်အဝန်းပေါ်တွင်တည်ဆောက်သွားမှာဖြစ်တယ်။
ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က “ခုချိန် ချင်းပြည်နယ်မှာ သားဖွားဆရာမတွေအရမ်းလိုအပ်နေတယ်။ ကျောင်းဖွင့်ရင်တော့ တစ်နှစ်ကို အနည်းဆုံးကျောင်းသူ (၅၀)ကျော်ခေါ်မယ်”လို့ပြောပါတယ်။
ချင်းပြည်နယ်မှာ ဖလမ်းမြို့တွင် သူနာပြုသင်တန်းကျောင်းတစ်ခုသာရှိပြီး သားဖွားသင်တန်းကျောင်းမရှိသေးပေ။

နောက်ဆုံးရသတင်းများ

မြန်မာအတွက် အရေးကြုံရင် အမြဲတမ်း ပထမဆုံး ကူညီပေးသူအဖြစ် ဆက်လက်ရပ်တည်မယ်လို့ အိန္ဒိယ ဝန်ကြီးချုပ်ပြော

ဇွန် ၁၊ ၂၀၂၆Zalen အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရတဲ့ အိမ်နီးချင်း၊ အားထားရတဲ့ မိတ်ဖက်ဖြစ်သလို ဘေးအန္တရာယ်နဲ့ အရေးကြုံချိန်တိုင်းမှာလည်း အမြဲတမ်း ပထမဆုံး ရှေ့တန်းကနေ ကူညီပံ့ပိုးပေးသူ (First Responder) အဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့ အိန္ဒိယဝန်ကြီးချုပ် ...

ဆက်ဖတ်ရန်