ချင်းပြည်နယ် မြေယာဥပဒေကို အဓိကလုပ်ဆောင်သွားမယ်ဆိုတဲ့ မတူပီမြို့နယ်ရွေးကောက်ခံ ဆလိုင်းအောင်လျန်

နိုဝင်ဘာ(၃)ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ မတူပီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ဆလိုင်းအောင်လျန်(CLD) က (၅၉၆၄)မဲ၊ ဆလိုင်းအောင်ထန်(NLD)က (၅၂၀၆)မဲနဲ့ အနိုင်ရရှိသွားပါတယ်။ ဆလိုင်းအောင်လျန်ဟာ အသက်(၃၁)နှစ်သာရှိတဲ့တွက် ချင်းပြည်နယ်လွှတ်တော်မှာကော၊ ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ ချင်းကိုယ်စားလှယ်တွေထဲမှာကော အသက်အငယ်ဆုံးလည်းဖြစ်ပါတယ်။ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေနဲ့ လွှတ်တော်ထဲမှာလုပ်ဆောင်ဖို့စီစဉ်ထားတဲ့ကိစ္စတွေကို Zalen Media က ဖုန်းနဲ့ဆက်သွယ်မေးမြန်းထားပါတယ်။

မေး= ဘာလို့ရွေးကောက်ပွဲဝင်တာလဲ။ ဘယ်ချိန်က စပြီးပြင်ဆင်ထားတာလဲ။

ဖြေ= ၂၀၁၅ခုနှစ်ကတည်းက ရွေးကောက်ပွဲ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကနေ ဝင်ဖို့ပြင်ဆင်သေးတယ် ဗဟိုကော်မတီဝင်တွေက ကျနော့်အတွက်ဆွေးနွေးကြတယ်၊ မြို့နယ်ကော်မတီတွေကလည်းဆွေးနွေးကြတယ် ၂၀၁၅ခုနှစ် မှာတော့ အသက်ငယ်သေးလို့ဆိုပြီ ၂၀၂၀အတွက်ပြင်ဆင်ပေးအုံးလို့ဘဲ ဆွေးဖြတ်ပေးကြတယ်။ ရွေးကောက်ပွဲဝင်ရတဲ့အကြောင်းက မတူပီမြို့နယ်ဖွံ့ဖြိုးရေးမှာ အားသာချက်အားနယ်ချက်တွေ၊ချင်းလူမျိုးတွေက ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို Co Founder ဖြစ်နေတာကို လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ လျိုှဝှက်ထိန်ချန်ခံနေရတယ် ချင်းပြည်နယ်မှာ အဆင်းရဲဆုံးပြည်နယ် ဖွံ့ဖြိူးမှုအနောက်ကျဆုံးရယ် အဲ့ဒါတွေကို ချင်းပါတီတွေက ပြည်ထောင်စုမှာ တန်းတူဆွေးနွေးဖို့ အဖြေရှာဖိူ့ ဗဟိုဦးစီးစနစ်ကတော့ ချင်းလူမျိုးတွေမျှော်လင့်ချက်မရှိသလိုခံစားရတယ်…

မေး=ဘာဖြစ်လို့ မတူပီမှာ CLD နိုင်တာလဲ။

ဖြေ= အဓိကတော့ မတူပီမှာ CLD အားသာချက်က (၂၁)ပင်လုံညီလာခံ ငြိမ်းချမ်းရေးပေါ့နော်။ ပြီးတော့ ဒီအစိုးရရဲ့ ဖွံ့ဖြိုးရေးကဏ္ဍတွေမှာ နည်းနည်းအားနည်းချက်ရှိတာရယ်။ ဒီမှာထောက်ပြပေးမယ့်သူမရှိတော့ အဲ့ဒါလည်းပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအရ NLD ကိုအရမ်းမျှော်လင့်ခဲ့ကြတယ်။ ကိုယ်စားလှယ်ဆုံးသွားတော့ အဲ့ဒါလစ်ဟသွားတယ်။

မေး= ဘာလို့ မတူပီမှာ NLD ရှုံးတာလဲ။

ဖြေ= အဓိကတော့ ဖွံ့ဖြိုးရေးအားနည်းမှုကို အားမလိုအားမရဖြစ်နေတယ်။ အားလုံးက ချင်းပါတီတွေ တစ်လုံးတစ်ဝတည်းဖြစ်စေချင်တဲ့ ဆန္ဒတွေလည်းပါတယ်။

မေး= မဲအရေအတွက်က CLD က NLD ထက် မဲ(၇၀၀)ကျော်လောက်ပဲပိုရတယ်။ CLD က သိသိသာသာ မဲပိုရမယ်လို့ထင်ထားတာ NLD အားပေးတဲ့သူတွေက တော်တော်များသေးတယ်နော်။ ဘာကြောင့်လဲ။

ဖြေ= ဟုတ်တယ်။ အားလုံး မျှော်လင့်ထားတာက ကျနော့်ကို မဲအပြတ်အသတ်ပေးလိုက်မယ်ပေါ့။ ဒါပေမယ့် မဲဆွယ်ကာလ နည်းနည်းအပြောင်းအလဲဖြစ်သွားတယ်။ တစ်ပတ်လောက်အလိုမှာ ပြည်နယ်ဝန်ကြီးတွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ သူတို့ကိုယ်တိုင် ကားတွေနဲ့ ကျေးရွာတွေအထိဆင်းပြီးတော့ စည်းရုံးရေး ဝင်လိုက်တော့ ကျနော့်ဘက်က အဲ့အားနည်းချက်ကို လုံးဝ သူတို့ကိုစည်းရုံးရေးမှာယှဉ်လို့မရတော့ဘူး။ သူတို့က အစိုးရအာဏာပုံစံနဲ့မဲလိုက်ဆွယ်တော့ အဲ့ဒါကို မမှီနိုင်ဘူး။ မြို့ပေါ်မှာတော့ ကျနော်က (၁၀)မဲ (၁၅)မဲလောက်ပဲသာတယ်။ အရင်တုန်းက မြို့ပေါ်မှာ ကျနော်တို့ ချင်းပါတီက အပြတ်သတ်ရှုံးတယ်။ လူငယ်တော်တော်များများက ကျနော့်ကို မဲပေးကြတယ်၊ အဲ့ဒါအားသာချက်ပေါ့။

မေး= ချင်းပြည်နယ်နဲ့ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေထဲမှာဆလိုင်းအောင်လျန်က အသက်အငယ်ဆုံး(၃၁နှစ်)ဆိုတော့ အရမ်းမျှော်လင့်ကြတယ်။ အခု ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်လာပြီဆိုတော့ ပထမဆုံးဘာလုပ်မလဲ။

ဖြေ= ပထမဆုံးကျေးရွာတွေမှာ လိုက်ဆင်းပြီးတော့ လူထုတွေ့ဆုံပွဲတွေအရင်လုပ်မယ်။ လူထုလိုအပ်ချက်တွေ ဖွံ့ဖြိုးရေးပိုင်းမှာ ဘာတွေလိုအပ်ချက်ရှိလဲဆိုတာ အရင်ဆုံးကွင်းဆင်းလေ့လာမယ်။ အဓိကလိုအပ်ချက်တွေကို အကောင်းဆုံးပြည်သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်။ လောလောဆယ်တော့ ကော်မရှင်ရဲ့ ခန့်ထားတဲ့စာလည်းရောက်မလာသေးဘူးဆိုတော့ အဲဒါကိုစောင့်ကြည့်ရင်း ဒီလကုန်လောက်မှာ သွားဖြစ်မယ်။

မေး= ပြည်နယ်လွှတ်တော်ထဲမှာကော ဘာကိုဦးစားပေးလုပ်သွားမလဲ။

ဖြေ= ၂၀၁၈-၂၀၁၉ ဘတ်ဂျက်ချပြီးသားကို စီမံကွပ်ကဲမယ်။ နောက်တစ်ခုက အဓိကကြိုးစားချင်တာ မြေယာဥပဒေနဲ့ပတ်သက်တဲ့ကိစ္စတွေ ချင်းပြည်နယ်မှာအဓိကအားနည်းချက်က တောင်ယာလုပ်တဲ့သူတွေက သူတို့မှာ ပိုင်ဆိုင်တဲ့အထောက်အထားမရှိတော့ အရမ်းခက်ခဲနေတယ်။ အဲဒါ လွှတ်တော်ထဲမှာ ဘယ်လိုလုပ်ဆောင်မလဲဆိုတာ ဆောင်ရွက်မယ်။

မေး= မြေယာကိစ္စ ပြည်သူတွေဘယ်လိုဒုက္ခကြုံတွေ့နေတာလဲ။

ဖြေ= မြေယာကိစ္စကတော့ ၂၀၀၈ခြေဥထဲမှာ လေထုမြေထုရေထုက နိုင်တော်ပိုင်လို့ဖော်ပြထားတယ် ဘယ်သူတွေက နိုင်ငံတော်ပိုင်တာလဲ….ချင်း ဘိုးဘွားပိုင်မြေယာတွေမှာ အလကားမရဘူး အခကြေးနဲ့ဘိုးဘွားစင်ဆင့် ဝယ်ယူပိုင်ဆိုင်လာကြတာကို အခုက ကျနော်တို့ ချင်းလူမျိုးတွေက မပိုင်ဘူးဖြစ်နေတာ အရမ်းကို ဝမ်းနည်းမိတယ်။

မေး= Zalen Media ကနေတဆင့် မဲဆန္ဒပေးတဲ့သူတွေကော၊ ချင်းပြည်သူလူထုတွေကို ဘာတွေပြောချင်တာရှိတယ်။

ဖြေ= လောလောဆယ်တော့ ချင်းပြည်နယ်ကအားလုံးကိုသော်လည်းကောင်း၊ မီဒီယာအားလုံးကိုသော်လည်းကောင်း အဘက်ဘက်က ကူညီပေးတဲ့တွက် ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်