တမူးမြို့က စစ်တပ်သတင်းပေး ရာအိမ်မှူးဟောင်း တစ်ဦး ပစ်သတ်ခံရ

တမူးမြို့၊ မြို့မ (၁၂/က) ရပ်ကွက် အိန္ဒိယ-မြန်မာနယ်စပ် နန်းဖာလုံက ရာအိမ်မှူးဟောင်း ဦးအောင်ဆွေ (အသက် ၅၀ ဝန်းကျင်) ဟာ ယမန်နေ့ ဇူလိုင် ၈ ရက် ည ၁၀ နာရီတွင် အမည်မသိလူတစ်စုက ပစ်သတ်ကြတယ်လို့ သတင်းရရှိပါတယ်။

တမူးမြို့ဒေသခံတစ်ဦးက “သူက ကြံ့ခိုင်ရေးပါတီကပါ။ သူကဒီနောက်ပိုင်းမှာ စစ်ကောင်စီနဲ့ပေါင်းတယ်။ စစ်တပ်သတင်းပေးလည်းလုပ်တယ်။ ပစ်သတ်ခံရတဲ့နေရာက သူတို့အိမ်ထဲမှာပါ” လို့ပြောပါတယ်။

တမူးမြို့နဲ့ အိန္ဒိယဘက် မိုးရေးမြို့ဟာ ညမထွက်ရအမိန့်ထုတ်ပြန်ထားကြပါတယ်။ အိန္ဒိယဘက်ခြမ်းကိုလည်း စစ်တပ်က လုံခြုံရေးတင်းကျပ်ထားပြီး အရင်လို မြန်မာနိုင်ငံသားတွေကို ဝင်ထွက်ခွင့်မပေးတော့ဘူးလို့လည်းသိရတယ်။

Zawgyi

Zalen ad

တမူးၿမိဳ႕က စစ္တပ္သတင္းေပး ရာအိမ္မွဴးေဟာင္း တစ္ဦး ပစ္သတ္ခံရ

တမူးၿမိဳ႕၊ ၿမိဳ႕မ (၁၂/က) ရပ္ကြက္ အိႏိၵယ-ျမန္မာနယ္စပ္ နန္းဖာလံုက ရာအိမ္မွဴးေဟာင္း ဦးေအာင္ေဆြ (အသက္ ၅၀ ဝန္းက်င္) ဟာ ယမန္ေန႔ ဇူလုိင္ ၈ ရက္ ည ၁၀ နာရီတြင္ အမည္မသိလူတစ္စုက ပစ္သတ္ၾကတယ္လုိ႔ သတင္းရရွိပါတယ္။

တမူးၿမိဳ႕ေဒသခံတစ္ဦးက “သူက ႀကံ့ခိုင္ေရးပါတီကပါ။ သူကဒီေနာက္ပိုင္းမွာ စစ္ေကာင္စီနဲ႔ေပါင္းတယ္။ စစ္တပ္သတင္းေပးလည္းလုပ္တယ္။ ပစ္သတ္ခံရတဲ့ေနရာက သူတို႔အိမ္ထဲမွာပါ” လို႔ေျပာပါတယ္။

တမူးၿမိဳ႕နဲ႔ အိႏိၵယဘက္ မိုးေရးၿမိဳ႕ဟာ ညမထြက္ရအမိန္႔ထုတ္ျပန္ထားၾကပါတယ္။ အိႏိၵယဘက္ျခမ္းကိုလည္း စစ္တပ္က လံုျခံဳေရးတင္းက်ပ္ထားၿပီး အရင္လို ျမန္မာႏိုင္ငံသားေတြကို ဝင္ထြက္ခြင့္မေပးေတာ့ဘူးလို႔လည္းသိရတယ္။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်