တမူးမြို့အထက်ပိုင်းတွင် အရပ်သား ၂ဦးအသတ်ခံရပြီး ကားပါမီးရှို့

တမူးမြို့ အထက်ပိုင်းတမူး – အောင်ဇေယျကားလမ်းပေါ်ရှိ မင်းသာကျေးရွာအနီး တွင် ယမန်နေ့ သြဂုတ် ၂၂ ရက်ညတွင် ပျူစောထီးအဖွဲ့က ပြည်သူနှစ်ဦးအသတ်ခံရပြီး ကားပါမီးရှို့သွား သည်ဟုသိရသည်။

တမူးမြို့မှဈေးဝယ်ပြီးအိမ်စီးကားဖြင့် ပြန်လာသည့် မင်းသာရွာသား ကိုမျိုးအသက်(၄ဝ)ခန့်နှင့် လှည်းဆိပ်ရွာသား ကိုနေဆန်း အသက်(၂၆)နှစ်ခန့်တို့သည် မင်းသာကျေးရွာအနီး ဦးကျော်သန်းရာဘာစိုက်ခင်းနားတွင်အသတ်ခံရပြီးကားပါမီးရှို့သွားသည်ဟုဒေသခံတစ်ဦးထံမှသိရသည်။

အသတ်ခံရတဲ့နေရာဟာ တမူးမြို့ကနေ ၁၅ မိုင်သာကွာဝေးတဲ့နေရာမှာဖြစ်ပါသည်။

ဒေသခံရွာသားတစ်ဦးက “ကိုမျိုးနဲ့ ကိုနေဆန်းတို့ဟာ ညကအသတ်ခံရတာနေမယ်။ မနက်ကမှသူတို့နှစ်ယောက်အလောင်းသွားကောက်ကြတာ။ အနားကိုပျူစေားထီးတွေ နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဝိုင်းထားလို့သေချာကြည့်လို့မရဘူး။ မနေ့ညနေက မင်းသာအဝင်နားမှာပျူစောထီးတွေဝိုင်းနေတာတွေ့တယ်။ ၆ ယောက်လောက်ရှိတယ်လက်နက်ကိုယ်စီနဲ့ပါ” ဟု ပြောပါသည်။

တမူး-အောင်ဇေယျကားလမ်းဟာ အန္ဒိယ-မြန်မာနယ်စပ်မှာရှိပြီး ယင်းနေရာတွင် ဓားပြတိုက်မှု၊ လူသတ်မှုတွေမကြာခဏဖြစ်ပွားတဲ့နေရာလည်းဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်