ထန်တလန်မြို့ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်

ချင်းပြည်နယ်၊ ထန်တလန်မြို့နဲ့ CDF စခန်းပေါ်သို့ စစ်ကောင်စီတပ်က တိုက်လေယာဉ်တစ်စီးဖြင့် ယနေ့ ဇန်နဝါရီ ၅ရက်၊ ညနေပိုင်း ၃နာရီခန့်တွင် ၃ ကြိမ်ဗုံးကြဲတိုက်ခိုက်ကြောင်းသတင်းရရှိပါတယ်။

“ထန်တလန်မြို့ပေါ်ကို ၂ကြိမ် ဗုံးကြဲပြီးတော့ ထန်တလန်မြို့အနီးက Vuichip တောင်ကို နောက်တစ်ကြိမ် ကြဲသွားတယ်” လို့ အနီးနားရွာဒေသခံတစ်ဦးက ဆိုပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ရက်နေ့ကစပြီး ယခုနှစ် ဇန်နဝါရီလအထိ ထန်တလန်မြို့တွင် စစ်ကောင်စီနဲ့ CDF၊ CNA ပူးပေါင်းတပ်ဖွဲ့ကြားတိုက်ပွဲများဖြစ်ပွားလျက်ရှိပါတယ်။

ဇန်နဝါရီ ၁ရက်‌နေ့က ထန်တလန်မြို့တွင်း စစ်ကောင်စီတပ် အခြေစိုက်သည့် နေရာတစ်ခုကို CDF နဲ့ CNA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယင်းည ၁၀နာရီခွဲခန့်တွင် ထန်တလန်မြို့အနီးရှိ Vuichip တောင်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

Zalen ad

စစ်ကောင်စီတိုက်လေယာဉ် တိုက်ခိုက်မှုကြောင့် CDF၊ CNA ပူးပေါင်းတပ်ဖွဲ့ဖက်က ထိခိုက်ကျဆုံးမှု ရှိ၊ မရှိ မသိရှိရသေးပါ။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်