ထိုင်းနိုင်ငံကားတိမ်းမှောက်မှုတွင် ချင်းအမျိုးသားတစ်ယောက်အပါအဝင် မြန်မာနိုင်ငံသား ၃ ဦးသေဆုံး

ထိုင်းနိုင်ငံ၌ အောက်လမ်းနဲ့ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေစီးလာတဲ့ကားတစ်စီး ယနေ့သြဂုတ် ၁၇ ရက်တွင် တိမ်းမှောက်ရာ ချင်းအမျိုးသားတစ်ဦးအပါအဝင် ၃ ဦးသေဆုံးတယ်လို့သတင်းရရှိပါတယ်။

အဆိုပါ ပစ်ကပ်ကားပေါ်၌ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၃ ဦးလိုက်ပါလာပြီး ၎င်းတို့စီးနင်လာတဲ့ကားက သစ်ပင်ဝင်တိုက်ရာ အခင်းဖြစ်ပွားတဲ့နေရာတွင် ၃ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိကြပါတယ်။

299656218_6224816877534055_8520795540016472657_n

သေဆုံးသွားတဲ့ ချင်းအမျိုးသားဟာ ကလေးမြို့၊ အင်ဒိုင်းကုန်းရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၀ ခန့်အရွယ် ဦဟူလျန် (U Hu Lian) ဖြစ်ကာ ၎င်းတွင် ၁နှစ်အရွယ်သမီးလေးနဲ့ ဇနီးသည်ကျန်ရစ်ခဲ့ပါတယ်။ အလောင်းကို နေရပ်ပြန်သယ်ဆောင်နိုင်ဖို့ မိသားစုဝင်တွေက စီစဉ်နေကြတယ်လို့လည်းသိရတယ်။ သေဆုံးတဲ့သူထဲတွင် ကလေးမြို့သားတစ်ယောက်လည်းပါဝင်တယ်လို့သိရပေမယ့် စုံစမ်းလို့မရသေးပါ။

Zalen ad

ထိခိုက်ဒဏ်ရာရရှိသူများကို ထိုင်းနိုင်ငံတာဝန်ရှိသူများက ဆေးကုသမှုခံယူရန် ကျူလာဖွန်ဆေးရုံနဲ့ နခွန်းစီထမ်မရတ်ဆေးကြီးတို့သို့ ပို့ဆောင်ပေးခဲ့ကြပါတယ်။

300154872_1758144001194890_5720979349973781830_n
ကားမတော်တဆဖြစ်မှုမှာသေဆုံးသွားတဲ့ ချင်းအမျိုးသား ဦးဟူလျန်

မြန်မာနိုင်ငံသားများသည် ကော့သောင်းမြို့မှတဆင့် စက်လှေဖြင့် ထိုင်းနိုင်ငံ၊ရနောင်းမြို့သို့ဝင်ရောက်လာပြီးနောက် နခွန်စီထမရာ့ခရိုင်၌ အလုပ်လုပ်ကိုင်ရန် ကားဖြင့်ထပ်မံလာရောက်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရတယ်။

ဖြစ်စဉ်၌ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သူအချို့နှင့်ကားမောင်းသူမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသဖြင့် ထိုင်းနိုင်ငံတာဝန်ရှိသူများက ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကလေး-တမူးလမ်းပိုင်းရှိ ကနန်ကျေးရွာကို ဆက်လက်တိုက်ခိုက်ပြီး လေကြောင်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်

ဇူလိုင်  ၁၀၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပိုင်ရှိ ကနန်ကျေးရွာကို ဆက်လက်တိုက်ခိုက်နေပြီး လေကြောင်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသသတင်းအရင်းအမြစ်များထံက သိရပါတယ်။ ဇူလိုင်လ ၉ရက်နေ့မနက်ကစပြီး ကနန်ကျေးရွာနဲ့ ကမ္မကြီး အနီးမှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေး အင်အားစုများကြား ...

ဆက်ဖတ်ရန်