ပလက်ဝမြို့နယ်ရဲ့ အမြန်လမ်းမကြီး ကုလားတန်မြစ်ကို ဘယ်လိုကယ်တင်မလဲ

ပလက်ဝမြို့နယ်ရဲ့ အမြန်လမ်းမကြီး ကုလားတန်မြစ်ကို ဘယ်လိုကယ်တင်မလဲ

ပလက်ဝမြို့နယ် ပြည်သူတွေရဲ့ နေ့စဉ်စားဝတ်နေရေးအတွက်လိုအပ်တဲ့ သယ်ယူပို့ဆောင်ရေးကို ကုလားတန်မြစ်က တာဝန်ယူနေပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း နွေရာသီမှာ ဒီတာဝန်ကို သူမထမ်းဆောင်နိုင်တော့ဘူး။ ပလက်ဝအထက်ပိုင်းမှာနေထိုင်တဲ့ ပြည်သူတွေဟာ နွေရာသီမှာ ရေနည်းလို့ စက်လှေအကြီးတွေမသွားနိုင်တော့တာကြောင့် တန်ဆာခတွေမြင့်တက်လို့ ကုန်စည်နှုန်းတွေ နှစ်ဆသုံးဆထိမြင့်တက်နေပါတယ်။

ပလက်ဝမြို့နယ်မှာ ကုန်းလမ်းဆိုလို့ ကျေးရွာ ၄၃၈ ရွာရှိတဲ့အနက် ရွာ ၃၀ ကျော်လောက်ပဲ ကားလမ်းပေါက်ပါသေးတယ်။ ကုန်းလမ်းနဲ့ တစ်ရက်ခရီးကို ရေလမ်းနဲ့ နှစ်ညအိပ်ပြီး သွားလာနေကြပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်