ပလက်ဝမြို့နယ်တွင် ကျောင်းသားများစီးနင်းတဲ့စက်လှေကို စစ်ကောင်စီတပ်ကပစ်ခတ်လို့ ၂ ဦးသေဆုံး ၃ ဦးပြင်းထန်ဒဏ်ရာရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တုံးမဝကျေးရွာသို့ ကျောင်းတက်ပြီး ကုလားတန်မြစ်အတိုင်းပြန်လာသော ရီးမဝကျေးရွာမှ ကျောင်းသူ၊သားများစီးနင်းလိုက်ပါလာတဲ့ စက်လှေကို သြဂုတ်လ ၂ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ကပစ်ခတ်တယ်လို့သတင်းရရှိပါတယ်။

တုံးမဝကျေးရွာတစ်ဖက်ကမ်း နှမဒါကျေးရွာမှာ စခန်းချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြောင့်အပြစ်မဲ့ကျောင်းသား (၂) ဦး အိုက်နေမင်းထွန်း (၁၁ နှစ်/ ပဉ္စမတန်း) နဲ့ အိုက်အောင်သန်းမြတ် (၁၁ နှစ်/ ပဉ္စမတန်း) တို့ သေဆုံးပြီး၊ အခြားကျောင်းသား (၂) ဦး နဲ့ ပညာရေးဝန်ထမ်းတစ်ဦး စုစုပေါင်း (၃) ဦး ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ က ယနေ့ သြဂုတ်လ ၃ ရက်တွင်အခုလိုထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်မှုကြောင့် အသက်သေဆုံးသွားခဲ့ရသော ကျောင်းသားငယ် နှစ်ဦး၏ ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ချင်းပြည်နယ်အတွင်း လူမဆန်သောအကြမ်းဖက်လုပ်ရပ်များအား မိမိတို့ကောင်စီအနေဖြင့်ပြင်းထန်စွာရှုတ်ချ ကြောင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုဖော်ထုတ်နိုင်ချိန်တွင် တရားမျှတမှုရရှိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။

ချင်းပြည်နယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်နေသာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များအား ချင်းပြည် နယ်အတွင်းမှ ဖယ်ရှားနိုင်မှသာ ချင်းပြည်သူများ လုံခြုံငြိမ်းချမ်းနိုင်မည်ဖြစ်သဖြင့် စစ်အာဏာရှင်စနစ် အမြစ် ဖြုတ် ဖယ်ရှားနိုင်ရေးအတွက် ကျရာနေရာမှ ဆက်လက်ပါဝင်ဆောင်ရွက်ကြပါရန် ချင်းပြည်သူတစ်ရပ်လုံးအား အလေးအနက် ထပ်လောင်း တိုက်တွန်းပန်ကြားအပ်ပါသည်လို့ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်