ပြိုင်ပွဲမှာ ဆုရဖို့ထက် တကယ့်လက်တွေ့ဘဝမှာ ဆုရဖို့ပိုအရေးကြီးတယ်လို့ ယောကီးကိုအားပေးလိုက်တဲ့ Raymond
မနေ့ညက ကျင်းပတဲ့ Myanmar Idol Rock Week မှာ ယောကီးက Idiots အဖွဲ့က အဆိုတော် Raymond ရဲ့ “ဝမ်းနည်းတတ်တဲ့ချစ်သူ”သီချင်းကိုသီဆိုတဲ့ပေါ်မှာ မူလသီချင်းအဆိုရှင်က ယောကီးကို ချီးကျူးလိုက်ပါတယ်။
အဆိုတော် Raymond က ၎င်းလူမှုကွန်ယက်စာမျက်နှာမှာ “သီချင်းက Low (Bass) ကိုအသားပေးဆိုရတဲ့သီချင်းပါ ။ Bass အသံကိုပေါ်လွင်အောင်မဆိုတတ်လို့ သီချင်းနဲ့လိုက်ဖက်မှုမရှိတိုင်း သီချင်းကိုချည်း (အဆင့်အတန်းမမှီသလို) အပြစ်ပုံချလို့ မရပါဘူး ကိုယ့်ဆရာတို့ ။ MMID Fan တစ်ယောက်မဟုတ်သလို ဘယ်ပြိုင်ပွဲမှလည်းမကြည့်ဖြစ်ပါဘူး ( အဆိုတော်တွေကို စက်နဲ့ Season အလိုက်ရိုက်ထုတ်နေတယ်လို့ခံစားရလို့ပါ ) ။ အခုကျွန်တော့်သီချင်းနဲ့ပြိုင်တယ်ဆိုလို့တချက် ဝင်လေ့ကြည့်တာပါ ။ YAW KEY ရေညီလေး Bravo ပါ ။ ပြိုင်ပွဲမှာဆုရဖို့ထက် တကယ့်လက်တွေ့ ဘဝမှာဆုရဖို့ကပိုအရေးကြီးပါတယ် ။ Vocal အ Fine ကြီးပဲ ။ ကြိုးစားထား”လို့အားပေးခဲ့ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီ မြန်မာအိုင်ဒေါလ်ဒိုင်တွေက ယောကီးကို ဒီထက်စွန့်စားရမယ့်သီချင်းမျိုးသီဆိုချင်ကြတဲ့အကြောင်း ကော်မန့်တွေပေးခဲ့ကြပါတယ်။
(Zawgyi)
Idiots အဖွဲ့က Vocalist Raymond
နောက်ဆုံးရသတင်းများ
ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ
၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...
ဆက်ဖတ်ရန်