မင်းတပ်မြို့မှာ ကလေးတွေကို ကရာတေးသင်တန်းပြုလုပ်

 

မင်းတပ်မြို့ ကုမ်သီခန်းမ မှာ ကလေးတွေ ကရာတေးလေ့ကျင့်နေကြစဉ်(Photo: Pa Cawng)

မင်းတပ်မြို့မှာ ကလေးတွေကို ကရာတေးသင်တန်းပြုလုပ်
မင်းတပ်မြို့ နွေရာသီကျောင်းပိတ်ကာလ ကလေးတွေကို ကရာတေးသင်တန်း မြို့နယ်အားကစားရုံးဦးဆောင်မှုနဲ့ မတ်လ(၁၂)ရက်စတင်ပြုလုပ်ပါတယ်။
ကရာတေးသင်တန်းကို ကုမ်သီခန်းမ တွင် ညနေ (၄)နာရီမှ (၆)နာရီထိ တနင်္ဂနွေနေ့မှအပ သင်တန်းသူ၊သား(၂၀)ဦးကို သင်ကြားပေးနေပါတယ်။
မင်းတပ်မြို့နယ် အား၊ကာမှူး ဦးတမ်မန်က “အားကစားမှာမျိုးဆက်သစ်လူငယ်တွေလက်ဆင့်ကမ်းတဲ့အနေနဲ့သင်တာပါ။ ပြီးတော့ သူတို့ကျန်းမာရေးအတွက်လည်းပါပါတယ်။ ရုံးဘက်ကတော့ သင်တန်းကြေးမယူပေမယ့် နည်းပြဆရာက တစ်ယောက်ကို တစ်သောင်းယူပါတယ်။ ဘာဖြစ်လို့လဲဆို အလကားနဲ့သင်လို့ရတဲ့ဟာ တန်ဖိုးမထားတတ်မှာဆိုးတယ်” လို့ပြောပါတယ်။
ကရာတေးအပြင် လက်ဝှေ့၊ ပိုက်ကျော်ခြင်းတွေလည်းဆက်လက်သင်ကြားဖို့အစီအစဉ်ရှိတယ်လို့ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်