မတူပီမြို့တွင် စားနပ်ရိက္ခာပြတ်လပ်သောကြောင့် ဝက်ရောင်းသူများပေမယ့် ဝယ်သူမရှိ

ဖုန်းလိုင်းများ ဖြတ်တောက်ခံရပြီး စစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာထားသော မတူပီမြို့မှာ ကုန်ဈေးနှုန်း အနည်းဆုံး ၃ ဆ မြင့်တက်လာပြီး လက်ရှိမတူပီမြို့ပေါ်တွင် စားနပ်ရိက္ခာပြတ်လပ်မှု တဖြည်းဖြည်း ဆိုးဝါးလာပြီလို့သိရပါတယ်။

“တစ်ချို့မိသားစုတွေက စားစရာမရှိလို့ နည်းနည်းပိုလျှံတဲ့ မိသားစုတွေက ဝိုင်းမျှပေးကြတယ်။ အသင်းတော်ကနေ တစ်ဆင့် ကူညီတာတွေ လုပ်ရတယ်။ လူတွေက ကိုယ်စားဖို့တောင်မရှိတော့ လူတွေက သူတို့မွေးထားတဲ့ ဝက်ကို ရောင်းချင်ပေမယ့် ဝယ်မယ့်လူ မရှိဘူးဖြစ်နေတယ်” ဟု မြို့ခံတစ်ဦးက ပြောပါတယ်။

မတူပီမြို့တွင် ကပြားဝက်တစ်ယောက်ဟာ ၇ သိန်းအထိ ပေါက်နေပြီး၊ နွားနောက်တစ်ကောင်တွင် ၁၅ သိန်း၊ ကြက်တစ်ကောင် ၃၀၀၀၀ အထိ ပေါက်ဈေးရှိကြောင်း သိရပါတယ်။

ခုလို စားနပ်ရိက္ခာများ ပြတ်လပ်နေသော်လည်း စစ်တပ်က မည့်သည့် ဖြေရှင်းချက်များမှ မလုပ်ပေးကြောင်းနှင့် ကုန်သည်များကလည်း ပြည်မဘက်နေ ကုန်ပစ္စည်းသယ်ဆောင်ရန် စစ်တပ်ကို စာရင်းအရင်တင်ပြရကြောင်း၊ စစ်တပ်က ခွင့်ပြုထားသော ပစ္စည်းများကို ခွင့်ပြုထားသည့် ပမာဏအတိုင်းသာ သယ်ဆောင်ခွင့်ရှိကြောင်း သိရပါတယ်။

Zalen ad

လက်ရှိ ချန်းပြန်းရွာတွင် ဆန်ကားတစ်စီးရှိသော်လည်း မြို့ပေါ်သို့ သယ်ပါက စစ်တပ်က သိမ်းယူရန် အသင့်စောင့်ဆိုင်းနေသောကြောင့် အကယ်၍ ထိုဆန်ကို စစ်တပ်ထံပေးမည်ဆိုပါက CDF က သယ်ယူခွင့်ပေးမည်မဟုတ်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်