ဟားခါးပြည်သူ့ဆေးရုံမှာ ကျောက်ကပ်ဆေးစက်ကို နိုဝင်ဘာလအတွင်းတပ်ဆင်မယ်

ကုတင်(၂၀၀)ဆံ့ ဟားခါးပြည်သူ့ဆေးရုံမှာ နိုင်ငံတော်ဒု-သမ္မတစီစဉ်မှုနဲ့ ကျောက်ကပ်ဆေးစက်တစ်လုံးကို နိုဝင်ဘာလအတွင်းတပ်ဆင်တော့မှာဖြစ်တယ်။

ကျောက်ကပ်ဆေးစက်ဟာ အခုဟားခါးပြည်သူ့ဆေးရုံမှာရောက်ရှိပြီဖြစ်ပြီး ကျောက်ကပ်ဆေးရန်အတွက် ရေကိုဟားခါးမြို့မှ (၄)မိုင်အကွာကနေသွယ်ယူရေးလုပ်ငန်းပြီးစီးမှသာ ကျောက်ကပ်ဆေးစက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဟားခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်ဝင်း “ရေပိုက်တွေအကုန်လုံးချထားပြီးပြီ။ အခုက မိုးရွာနေတော့ လုပ်ငန်းမစနိုင်ဘူး။ နေသာမယ်ဆိုရင် နှစ်ပတ်အတွင်းရေရမယ်။ အလွန်ဆုံး နိုဝင်ဘာလ(၂၀)ဆို ဆေးရုံမှာရေရောက်မယ်။ ပထမအဆင့်မှာရေအမြန်ရဖို့လုပ်မယ်။ ပြီးမှ ပိုက်ကို (၂)လက်မအနက်မြေတူးပြီးမြုပ်မယ်။ ရေပိုက်သွယ်တန်းဖို့ သိန်း(၅၀၀)ကျော်ကုန်တယ်”လို့ပြောပါတယ်။

ဟားခါးပြည်သူ့ဆေးရုံ ဒုတိယဆေးရုံအုပ် ဒေါက်တာမန်ဗျက်ကုန်းက “ဒီစက်က တစ်နေ့ကို လူနာ(၂)ယောက်ကျောက်ကပ်ဆေးနိုင်တယ်။ သူကရေအများကြီးလိုတာ။ ကျောက်ကပ်လူနာတစ်ယောက်ဆေးဖို့ ရေလီတာ(၃၀၀)ကနေ တစ်ထောင်ထိလိုတယ်။ အခု စက်ကိုင်မယ့်သူ လူလေးယောက်ကိုသင်တန်းလွှတ်ထားတယ်။ ကျောက်ကပ်ဆေးခလည်း ပိုက်ဆံသိပ်ကုန်မှာမဟုတ်ဘူး။ ချင်းပြည်နယ်က ကျောက်ကပ်လူနာတွေက မန္တလေးနဲ့ရန်ကုန်ဆင်းပြီးဆင်းရတယ်။ ဆေးရုံမှာမရှိတဲ့ပစ္စည်းတွေဝယ်ဖို့လောက်ပဲဖြစ်မယ်”လို့ပြောပါတယ်။

Zalen ad

ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က ကျောက်ကပ်နဲ့ပတ်သက်ပြီးအထူးကုတွေလုပ်အပ်လျက်ရှိကြောင်း၊ ပြီးတော့ စက်နဲ့ပတ်သက်ပြီးကျွမ်းကျင်တွေလုပ်အပ်နေကြောင်း ပြောပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာအတွက် အရေးကြုံရင် အမြဲတမ်း ပထမဆုံး ကူညီပေးသူအဖြစ် ဆက်လက်ရပ်တည်မယ်လို့ အိန္ဒိယ ဝန်ကြီးချုပ်ပြော

ဇွန် ၁၊ ၂၀၂၆Zalen အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရတဲ့ အိမ်နီးချင်း၊ အားထားရတဲ့ မိတ်ဖက်ဖြစ်သလို ဘေးအန္တရာယ်နဲ့ အရေးကြုံချိန်တိုင်းမှာလည်း အမြဲတမ်း ပထမဆုံး ရှေ့တန်းကနေ ကူညီပံ့ပိုးပေးသူ (First Responder) အဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့ အိန္ဒိယဝန်ကြီးချုပ် ...

ဆက်ဖတ်ရန်