အိန္ဒိယဘက်တွင် တရားမဝင် ကုန်တင်ကား (၅၀) ကျော်ဖမ်းဆီးတာကြောင့် မြန်မာဘက်တွင်ကုန်စည်များ သောင်တင်နေ

အိန္ဒိယဘက်တွင် တရားမဝင် ကုန်တင်ကား (၅၀) ကျော်ဖမ်းဆီးတာကြောင့် မြန်မာဘက်တွင်ကုန်စည်များ သောင်တင်နေ

မြန်မာပြည် ရိခေါ်ဒါရ်မြို့ နဲ့ အိန္ဒိယပြည် ဇိုခေါ်ထာရ် ရွာကြား စီးဆင်းနေသော တီအိုးချောင်းကိုတွေ့ရစဉ်

ချင်းပြည်နယ်မှ အိန္ဒိယဘက်သို့ ကုန်စည်များတင်ပို့တဲ့ မီဇိုးရမ်ပြည်နယ်တွင် တရားမဝင် ကုန်တင်ကားများ ဖမ်းဆီးနေတာကြောင့် မြန်မာဘက်တွင် ကုန်စည်များ သောင်တင်နေတယ်လို့ ရိခေါ်ဒါရ်မြို့ ကုန်သည်များထံမှသတင်းရရှိပါတယ်။

စက်တင်ဘာ (၁၈)ရက်မှစပြီး အိန္ဒိယ ဗဟိုအစိုးရညွှန်ကြားချက်အရ အာသံရိုင်ဖယ်တပ်များက တရားမဝင် ကုန်တင်ကားများ စစ်ဆေးပြီး ကွမ်းသီးသည်ကား (၄၀)၊ မူဆယ်ပစ္စည်းတင်ကားများ ၁၀ စီးကျော်ဖမ်းဆီးထားတယ်လို့ ရိခေါ်ဒါရ်မြို့ နယ်စပ်ကုန်သည်များထံမှသိရပါတယ်။

ရိခေါ်ဒါရ်မြို့ရှိ ကွမ်းသီးများလက်ခံသူ ကိုအဲန်းငါက “ဘာဖြစ်လို့ဖမ်းတာလဲဆိုရင် နိုင်ငံခြားကုန်တင်သွင်းခွင့်လိုင်စင် မရှိလို့။ ကျန်ဖိုင်မြို့မှာ လိုင်စင်ရှိတဲ့သူက တစ်ယောက်ပဲရှိတယ်။ ဘာလို့ လိုင်စင်မလုပ်ကြတာလဲဆိုရင် အခွန်အရမ်းများလို့ ကွမ်းသီးတွေဆိုရင် မကိုက်တော့ဘူး။ မီဇိုးရမ်ပြည်နယ်အစိုးရက တစ်ရာမှာ ၄၀ ရာခိုင်နှုန်းအခွန်ကောက်တယ်။ ဥပမာ ကွမ်းသီး ၁ kg ကို အခုချိန်မှာ အိန္ဒိယပြည်မဘက်ကို ၁၀၀ နဲ့ပြန်ရောင်းလို့ရတယ်။ လိုင်စင်နဲ့ဆို အခွန်နဲ့ ၂၀၀ လောက်ပြန်ရောင်းမှ ကျန်မှာ။ ဒါပေမယ့် ပြည်မဘက်က အဲ့လောက်ဆို မယူကြဘူးလေ။ အရင်တုန်းက မဖမ်းတာက နားလည်မှုနဲ့ သွားကြတယ်။ အခုတော့ ဗဟိုထိ တိုင်တဲ့သူရှိတယ်လို့ သတင်းကြားတယ်။ ကျနော်တို့ မြန်မာပြည်ဘက်ကတော့ အကုန်လုံး လိုင်စင်ရှိပေမယ့် သူတို့က လာမယူနိုင်လို့ အခု ရိခေါ်ဒါရ်မြို့ ဂိုဒေါင်ထဲမှာ ပစ္စည်းတွေစုပုံနေကြတယ်။ ဘယ်ချိန်ပြန်ဖွင့်မလဲမသိသေးဘူး။ ဟိုဘက်နိုင်ငံက ဒိုင်ကိုလည်းဆက်သွယ်ကြည့်တော့ အခြေအနေတော်တော်ဆိုးတယ်တဲ့။ နယ်စပ်မှာဆို ကွမ်းသီးက အများဆုံးတင်ပို့ထားတော့ ကုန်တင်ကုန်ချတွေကအစ အားလုံး အလုပ်ပါးတော့ မိသားစု စားဝတ်နေရေးအထိ ထိခိုက်တာပေါ့” လို့ပြောပါတယ်။

စက်တင်ဘာ (၇)ရက်နေ့ကစပြီး မြန်မာပြည်မှ အိန္ဒိယဘက်ကို တင်သွင်းတဲ့ကုန်စည်များပိတ်ပင်ထားပါတယ်။

အိန္ဒိယဘက်ကို တင်သွင်းတဲ့ ကွမ်းသီးတွေဟာ မြန်မာကွမ်းသီးသာမက ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံမှ ကွမ်းသီးများလည်း တင်ပို့ကြပါတယ်။ ဒါ့ပြင် နယ်စပ်လမ်းကြောင်းမှ ရွှေ၊ လက်နက်၊ မူးယစ်ဆေးဝါးများကို မှောင်ခိုတင်သွင်းပြီး အိန္ဒိယရဲတပ်ဖွဲ့များက ဖမ်းမိလေ့ရှိပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်