ဘောလုံးအကယ်ဒမီကျောင်းတက်ဖို့ ချင်းယူ-၁၂ ကစားသမား (၂)ယောက်ရွေးချယ်ခံရ

ဘောလုံးအကယ်ဒမီကျောင်းတက်ဖို့ ချင်းယူ-၁၂ ကစားသမား (၂)ယောက်ရွေးချယ်ခံရ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကယ်ဒမီကျောင်းတက်ဖို့ ချင်းပြည်နယ် ယူ-၁၂ ကစားသမားထဲမှ ကျောနံပါတ် (၁၀) လင်ကီးဂေ(ရှေ့တန်း)နဲ့ ကျောနံပါတ်(၉) ဘူနိုင်း(ရှေ့တန်း) ရွေးချယ်ကြောင်း ဒီကနေကြေညာသွားပါတယ်။

 

MFF Technical Department မှစောင့်ကြည့် ရွေးချယ်ခဲ့တဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးက ကစားသမားက စုစုပေါင်း ၅၃ ဦးအထိရှိပြီး ယင်းတို့အနက် ကစားသမား ၁၄ ဦးမှာ အကယ်ဒမီများသို့ တက်ရောက် ပညာသင်ကြားခွင့် ရရှိနိုင်သည် အထိ အရည်အချင်းပြည့်မီကြောင်း သက်မှတ်ခံရပါတယ်။ အလားအလာ ရှိတဲ့ ထူးချွန်လူငယ်များကို MFF Technical Department မှ စောင့်ကြည့်ရွေးချယ်ခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကယ်ဒမီများတွင် အနာဂတ်အတွက် စနစ်တကျ ပြုစုပျိုးထောင်ပေးသွားပါမယ်။ MFF Technical Department မှစောင့်ကြည့် ရွေးချယ်ခဲ့တဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရွေးချယ်ခြင်း ခံထားရသည့် ကျန်ကစားသမားများကိုမူ ယူ၁၄ ပွဲစဉ်များ နှင့် လူရွေးချယ်ပွဲများ ယှဉ်ပြိုင် ကစားသည်အထိ စောင့်ကြည့်သွားမယ်လို့ ရေးသားထားပါတယ်။

MFF က အကယ်ဒမီကျောင်းတက်ဖို့ရွေးချယ်ထားတဲ့ ကစားသမား (၁၄)ဦးရှိပြီး ချင်း(၂)ယောက်၊ မကွေး(၄)ယောက်၊ ဧရာဝတီ(၅)ယောက်၊ မန္တလေး တစ်ယောက်၊ ရှမ်းတောင်(၂)ယောက်တို့ဖြစ်ပါတယ်။ ယူ-၁၄ ထိစောင့်ကြည့်ဖို့ ရွေးချယ်တဲ့ထဲမှာ ချင်း ကစားသမား (၃)ယောက်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်