ဘောလုံးအကယ်ဒမီကျောင်းတက်ဖို့ ချင်းယူ-၁၂ ကစားသမား (၂)ယောက်ရွေးချယ်ခံရ

ဘောလုံးအကယ်ဒမီကျောင်းတက်ဖို့ ချင်းယူ-၁၂ ကစားသမား (၂)ယောက်ရွေးချယ်ခံရ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကယ်ဒမီကျောင်းတက်ဖို့ ချင်းပြည်နယ် ယူ-၁၂ ကစားသမားထဲမှ ကျောနံပါတ် (၁၀) လင်ကီးဂေ(ရှေ့တန်း)နဲ့ ကျောနံပါတ်(၉) ဘူနိုင်း(ရှေ့တန်း) ရွေးချယ်ကြောင်း ဒီကနေကြေညာသွားပါတယ်။

 

Zalen ad

MFF Technical Department မှစောင့်ကြည့် ရွေးချယ်ခဲ့တဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးက ကစားသမားက စုစုပေါင်း ၅၃ ဦးအထိရှိပြီး ယင်းတို့အနက် ကစားသမား ၁၄ ဦးမှာ အကယ်ဒမီများသို့ တက်ရောက် ပညာသင်ကြားခွင့် ရရှိနိုင်သည် အထိ အရည်အချင်းပြည့်မီကြောင်း သက်မှတ်ခံရပါတယ်။ အလားအလာ ရှိတဲ့ ထူးချွန်လူငယ်များကို MFF Technical Department မှ စောင့်ကြည့်ရွေးချယ်ခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကယ်ဒမီများတွင် အနာဂတ်အတွက် စနစ်တကျ ပြုစုပျိုးထောင်ပေးသွားပါမယ်။ MFF Technical Department မှစောင့်ကြည့် ရွေးချယ်ခဲ့တဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရွေးချယ်ခြင်း ခံထားရသည့် ကျန်ကစားသမားများကိုမူ ယူ၁၄ ပွဲစဉ်များ နှင့် လူရွေးချယ်ပွဲများ ယှဉ်ပြိုင် ကစားသည်အထိ စောင့်ကြည့်သွားမယ်လို့ ရေးသားထားပါတယ်။

MFF က အကယ်ဒမီကျောင်းတက်ဖို့ရွေးချယ်ထားတဲ့ ကစားသမား (၁၄)ဦးရှိပြီး ချင်း(၂)ယောက်၊ မကွေး(၄)ယောက်၊ ဧရာဝတီ(၅)ယောက်၊ မန္တလေး တစ်ယောက်၊ ရှမ်းတောင်(၂)ယောက်တို့ဖြစ်ပါတယ်။ ယူ-၁၄ ထိစောင့်ကြည့်ဖို့ ရွေးချယ်တဲ့ထဲမှာ ချင်း ကစားသမား (၃)ယောက်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာအတွက် အရေးကြုံရင် အမြဲတမ်း ပထမဆုံး ကူညီပေးသူအဖြစ် ဆက်လက်ရပ်တည်မယ်လို့ အိန္ဒိယ ဝန်ကြီးချုပ်ပြော

ဇွန် ၁၊ ၂၀၂၆Zalen အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရတဲ့ အိမ်နီးချင်း၊ အားထားရတဲ့ မိတ်ဖက်ဖြစ်သလို ဘေးအန္တရာယ်နဲ့ အရေးကြုံချိန်တိုင်းမှာလည်း အမြဲတမ်း ပထမဆုံး ရှေ့တန်းကနေ ကူညီပံ့ပိုးပေးသူ (First Responder) အဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့ အိန္ဒိယဝန်ကြီးချုပ် ...

ဆက်ဖတ်ရန်