ရေပွန်တစ်ခု(၃၈)သိန်းနဲ့ ဆောက်လုပ်ပြီး တစ်လအကြာမှာ ကွဲအက်

ဖလမ်းမြို့နယ် ရိနယ်စပ်လမ်းသစ်ဖောက်လုပ်တဲ့ Khengkang(ခင်ကန်)ရွာအနီးမှာ ရေပွန်တစ်ခု(၃၈)သိန်းတန်နဲ့ဆောက်လုပ်တဲ့ ရေပွန်သုံးခုဟာ ဆောက်လုပ်ပြီး တစ်လအကြာမှာ ကွဲအက်နေတယ်လို့ ဒေသခံကျေးရွာတွေဆီကနေ သတင်းရရှိပါတယ်။

ဒီရေပွန်တွေဟာ န.တ.လ(နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန)ဘတ်ဂျက်နဲ့ဆောက်လုပ်ထားတာဖြစ်ပြီး Zinghmuh ကုမ္ပဏီနဲ့ Chin United ကုမ္ပဏီတို့က တာဝန်ယူဆောက်လုပ်ထားတယ်လို့သိရပါတယ်။

Khengkang ကျေးရွာအနီး ရေပွန်တစ်ခုကို မေ(၁၈)ရက်ကတွေ့ရစဉ်(ဓာတ်ပုံ-Thang Hlei Sum)

Khawrua ကျေးရွာအုပ်ချုပ်ရေးမှူး U Thang Hlei Sum(ဦးထန်လှဲဆုမ်)က “Zinghmuh(ဇီန်မှု)ကုမ္ပဏီတွေလုပ်ထားတဲ့ ရေပွန်နှစ်ခုကတော့ အပြင်ဘက်ကွဲအက်တဲ့နေရာတွေကို မာစလာနဲ့လာကပ်သွားတယ်။ အောက်ဘက်ကတော့ ကွဲအက်နေတုန်းပဲ။ Chin United ကုမ္ပဏီကလုပ်ထားတဲ့ ရေပွန်တစ်ခုကတော့ ဒီမနက်(မေ ၁၈ ရက်)ထိလာမပြင်သေးဘူး။ ဒီလို အပြင်ပန်ပြင်ထားပေမယ့် ကြာကြာတော့ခံမယ်မထင်ဘူး”လို့ပြောပါတယ်။

Khenkang ကျေးရွာအနီး ရေပွန်ကွဲအက်ကို ပြန်လည်ဖာထည်ထားတာ မေလ(၁၉)ရက်ကတွေ့ရစဉ်(ဓာတ်ပုံ-Thang Hlei Sum)

ဒီရေပွန်တွေဟာ ဒီနှစ် ဖေဖော်ဝါရီလလောက်က စတင်ဆောက်လုပ်တာဖြစ်ပြီး ဧပြီလခန့်က တည်ဆောက်ပြီးစီးခဲ့တာဖြစ်တယ်။

Zinghmuhကုမ္ပဏီတာဝန်ခံ U Lian Nawl(ဦးလျန်နှောလ်)က “မြေသားလမ်းသစ်ဖောက်ထားတာဆိုတော့ မြေစာက မြေသားတွေကိုဆွဲလာတာကြောင့် ရေပွန်တွေကွဲအက်တာဖြစ်တယ်။ Khengkang(ခင်ကန်)ရွာနားက ကျနော်တို့လုပ်ထားတဲ့ ရေပွန်နှစ်ခုကိုတော့ သွားပြင်လိုက်ပြီ”လို့ဆိုပါတယ်။

 

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်