မြန်မာနိုင်ငံအတွက် မြေမြှုပ်မိုင်းအန္တရာယ်ကာကွယ်ဖို့ ဗြိတိန်က ဒေါ်လာ တစ်သန်းနီးပါးထောက်ပံ့မယ် 

၂၁၊ ဖေဖော်ဝါရီ၊ ၂၀၂၄

Zalen

မြန်မာနိုင်ငံအတွင်းက တိုက်ပွဲတွေဖြစ်နေတဲ့ဒေသတွေမှာ မြေမြှုပ်မိုင်းအန္တရာယ်ကာကွယ်နိုင်ဖို့ အမေရိကန် ဒေါ်လာ တစ်သန်းနီးပါး ထောက်ပံ့ပေးသွားမယ်လို့ ဗြိတိန်အစိုးရက ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ထုတ်ပြန် ပါတယ်။

 အခုထောက်ပံ့ငွေကို မြေမြှုပ်မိုင်းဒဏ်အများဆုံးခံနေရတဲ့ ဒေသ၊ တိုက်ပွဲတွေပြင်းထန်နေတဲ့ ဒေသမှာနေထိုင်သူတွေကို အသိပညာပေးဖို့ အဓိကအသုံးချသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Zalen ad

မြေမြှုပ်မိုင်းနဲ့  ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် တစ်နှစ်အတွင်းမှာတင် မြန်မာနိုင်ငံက လူပေါင်း ၅ဝဝ ကျော် သေဆုံးဒဏ်ရာရခဲ့ပါတယ်။

၂၀၂၂ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် လူသေဆုံးနှုန်း အများဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ  ငါးနိုင်ငံ မြောက်နေရာမှာ ရှိခဲ့တယ်လို့လည်း ဗြိန်တိန်အစိုးရက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်လာတာနဲ့အမျှ မြေမြှုပ်မိုင်းအန္တရာယ်ကို ပိုပြီးကြီးကြီးမားမား ရင်ဆိုင်နေရတယ်လို့ ချင်းအရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။

“ ကျွန်တော်တို့ ချင်းမှာက အရင်တုန်းက ဘာတိုက်ပွဲမှ မရှိဖူးဘူး။ အခု မြို့သိမ်းတိုက်ပွဲတွေ၊ စခန်းသိမ်းတိုက် ပွဲတွေ များလာတာနဲ့အမျှ ဒေသခံတွေက မြေမြှုပ်မိုင်းအန္တရာယ် ပိုကြုံလာရတယ်။ စစ်ကောင်စီက ပြည်သူတွေ ခြံဝန်းတွေထဲ၊ တောင်ယာသွားတဲ့လမ်းတွေကိုပါ မိုင်းထောင်ထားတာတွေကို တွေ့ရတယ်။ မိုင်းအသိ ပညာပေးဖို့ ကလည်း ကျွန်တော်တို့ချင်းမှာက အဲ့လောက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်တာ မျိုးမရှိသေးဘူး။ ” လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစပြီး ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလအထိ သုံးနှစ်တာကာလအတွင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ချင်းလူမျိုး ၃၃ ဦးသေဆုံးခဲ့ပြီး ၅၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

နွေဦးချယ်ရီ

နောက်ဆုံးရသတင်းများ

“Made In India” ထုတ်ကုန်များအပေါ် အမေရိကန်က အခွန် ၁၈ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်

အမေရိကန်နဲ့ အိန္ဒိယတို့သည် ကုန်သွယ်ရေးသဘောတူညီချက်တရပ်အား ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ရက် တနင်္လာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တယ်လီဖုန်းဖြင့် ဆွေးနွေးပြီးနောက် အချိန်အတော်ကြာ ပြဿနာအမျိုးမျိုးကြောင့် တင်းမာနေခဲ့သည့် အိန္ဒိယ–အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွင်း အပြုသဘော ဆောင်သော အလှည့်အပြောင်းတရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ ...

ဆက်ဖတ်ရန်