ရေဘေးသင့် မြန်မာစစ်ဘေး ရှောင်များကို BRCK မှ အရေးပေါ် ကူညီ ထောက်ပံ့မှု ပေးအပ်

၂၈၊ ဇူလိုင် ၂၀၂၄

Zalen

အိန္ဒိယနယ်စပ် တစ်နေရာမှာ ဇူလိုင်လ ၂၁ရက်နေ့ညက ရုတ်တရက် ရေကြီး ရေလျှံမှုကြောင့် ရေနစ်မြုပ်ခဲ့ရတဲ့ မြန်မာစစ်ဘေးရှောင် အိမ် ၁၂ လုံးကို ဗမာပြည် စစ်ဘေးရှောင်များ ကော်မတီ(ကဘော်ဒေသ) BRCK မှ အရေးပေါ် ကူညီကူထောက်ပံ့မှု ပေးအပ်ခဲတယ်လို့ သိရပါတယ်။

မဏိပူရ်ပြည်နယ်၊ တင်နိုပယ် ခရိုင် အိန္ဒိယ-မြန်မာနယ်စပ် တစ်နေရာမှာ စစ်ရှောင်ခိုလှုံနေ့တဲ့ မြန်မာစစ်ဘေးရှောင် စခန်းတစ်ခုကို ဇူလိုင်လ ၂၁ နေ့ညက မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် စခန်းအတွင်းရေဝင်ရောက်ခဲ့လို့ စစ်ရှောင်တွေရဲ့ စားနပ် ရိက္ခာများနဲ့ ပစ္စည်း အချို့ ပျတ်စီးဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

Zalen ad

” ကျွန်တော်တို့ တဲအိမ်တွေရေဝင်တော့။ ရိက္ခာတွေပျက်စီးကုန်ပြီ။ စစ်ရှောင်ရတဲ့ကြားကရေဘေး ဒုက္ခပါရောက်နေရတယ်။ အခုလို BRCK ကိုနေ အရေးပေါ် အသုံးပြုဖို့ ထောက်ပံ့ငွေ ပေးလို့ ဝမ်းသာလို့မဆုံးပါဘူး “လို့ စစ်ရှောင်တစ်ဦးက Zalen ကိုပြောပါတယ်။

ရေးဘေး သင့်နေတဲ့ အိမ်ထောင်စု ၁၂စုတွက် အရေးပေါ် အခက်ခဲများ ဖြေရှင်းနိုင်ဖို့ လက်လှမ်း မှီသလောက် တင်ပြပေးထားခဲ့တာဖြစ်ပါတယ်။ အခုလို BRCKကနေ ကူညီထောက်ပံ့မှု ပေးခဲ့တဲ့ အပေါ် ကျွန်‌ တော် လည်း အင်မတန် ဝမ်းသာပါတယ်” လို့ မြန်မာစစ်ဘေးရှောင်များ အရေးစောင့်ကြည့်နေသူကလည်း ပြောပါတယ်။

‌သတင်း – တမူးနွေဦး

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်