အိမ်သုံးလျှပ်စစ်မီတာခ နှစ်ဆ၊ လုပ်ငန်းသုံးမီတာခ သုံးဆ ထပ်တိုးကောက်ခံ

၃၀၊ ဩဂုတ်၊ ၂၀၂၄

Zalen

စက်တင်ဘာ ၁ ရက်ကစပြီး လျှပ်စစ်မီတာခတွေကို တိုးမြှင့်ကောက်ခံသွားမယ်လို့ စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ဒီနေ့ ဩဂုတ် ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးတဲ့အခါ နှစ်အလိုက် ထုတ်လုပ်မှု စရိတ်မြင့်မားလာတဲ့အတွက် အခုလိုတိုးမြှင့်ကောက်ခံတာလို့ စစ်ကောင်စီက ဆိုပါတယ်။

Zalen ad

အိမ်သုံးလျှပ်စစ်မီတာတွေမှာ အများဆုံးသုံးစွဲကြတဲ့ ၂၀၀ ယူနစ်အထက်ကို အရင် ၁၂၅ ကျပ်နှုန်းကောက်ခံနေရာကနေ အခု ၃၀၀ ကျပ်အထိ ထပ်တိုးကောက်လာတာကြောင့် နှစ်ဆကျော်အထိ တိုးကောက်ခံလာပါတယ်။

အခု သတ်မှတ်တဲ့နှုန်းထားအရ အိမ်သုံးအမျိုးအစားဆိုရင် ၁ယူနစ်ကနေ ယူနစ် ၅၀အထိကို ၅၀ ကျပ်၊ ၅၁ ယူနစ်ကနေ ၁၀၀ ယူနစ်အထိကို ၁၀၀ ကျပ်၊၁၀၁ ယူနစ်ကနေ ၂၀၀ ယူနစ်အထိကို ၁၅၀ကျပ်၊ ၂၀၁ ယူနစ်ကနေ အထက် ၃၀၀ကျပ်ဖြစ်ပါတယ်။

လုပ်ငန်းသုံးပါ၀ါမီတာအမျိုးအစားဆိုရင် ၂၀၀၀၁ ယူနစ်ကနေ အထက်ဆိုရင် အရင်က ၁၂၅ ကျပ်သာ ကျသင့်ပေမယ့် အခုတော့ ၅၀၀ ကျပ်အထိ တိုးလာတာကြောင့် သုံးဆ ကျော်လောက် မြင့်တက်လာတာ ဖြစ်ပါတယ်။

လုပ်ငန်းသုံးအတွက် ၁ယူနစ်ကနေ ၅၀၀၀ အထိကို ၂၅၀ကျပ်၊ ၅၀၀၁ ယူနစ်ကနေ ၂၀၀၀၀ ယူနစ်အထိ ၄၀၀ကျပ်၊၂၀၀၀၁ ယူနစ်ကနေ အထက်ဆိုရင် ၅၀၀ကျပ် အထိ နှုန်းထားကျသင့်မှာ ဖြစ်ပါတယ်။

“မီတာခတွေသာ ထပ်ထပ်တိုးနေတာ၊ မီးကျ မမှန်ဘူး။ ပုံမှန်ရဖို့နေနေသာသာ၊ သူတို့ပေးတဲ့အချိန်လေးတောင် မလွယ်ဘူး။ အခုကျ နှစ်ဆလောက်တိုးတော့ သုံးတောက် မသုံးရဲအောင် ဖြစ်နေပြီ။ ” လို့ လျှပ်စစ်ဓာတ်အား သုံးစွဲသူတစ်ဦးက ပြောပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးတွေနဲ့ ဓာတ်အားလိုင်းကြီးတွေ အဆင့်မြှင့်တင်ဖို့၊ တိုးချဲ့တည်ဆောက်ဖို့၊ ပြုပြင်ထိန်းသိမ်းတာတွေကို ပြည်တွင်း၊ပြည်ပရင်းနှီးမြှပ်နှံမှုတွေနဲ့ ဆောင်ရွက်ဖို့အတွက်လိုအပ်နေတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်