နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် လူသားများ လကမ္ဘာသို့ ပြန်လည်ထွက်ခွာ

ဧပြီ ၂ ၊၂၀၂၆
Zalen

အမေရိကန် အမျိုးသား အာကာသအေဂျင်စီ (NASA) ဟာ အာကာသယာဉ်မှူး ၄ ဦး လိုက်ပါတဲ့ Artemis II အာကာသယာဉ်ကို ဖလော်ရီဒါပြည်နယ်၊ ကနေဒီ အာကာသစခန်းမှ ဒီနေ့မှာ အောင်မြင်စွာ လွှတ်တင်လိုက်ပြီ ဖြစ်ပါတယ်။

အခုခရီးစဉ်ဟာ ၁၉၇၂ ခုနှစ် Apollo 17 မစ်ရှင်နောက်ပိုင်း နှစ်ပေါင်း ၅၀ ကျော်အတွင်း လူသားတွေကို လကမ္ဘာသို့ ပထမဆုံးအကြိမ် ပြန်လည်ပို့ဆောင်တဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။

Zalen ad

Artemis II မစ်ရှင်မှာ NASA အာကာသယာဉ်မှူး ၃ ဦးနဲ့ ကနေဒါ အာကာသယာဉ်မှူး ၁ ဦးတို့ လိုက်ပါသွားကြပါတယ်။

၎င်းတို့ဟာ ၁၀ ရက်ကြာ ခရီးစဉ်အတွင်း လကမ္ဘာကို ပတ်၍ ပျံသန်းမည်ဖြစ်ပြီး၊ လူသားမျိုးနွယ် သမိုင်းတစ်လျှောက် ကမ္ဘာမြေမှ အဝေးဆုံးအကွာအဝေးသို့ ရောက်ရှိမည့်သူတွေ ဖြစ်လာမည်ဖြစ်ပါတယ်။

အခုခရီးစဉ်ဟယ လပေါ်သို့ တိုက်ရိုက်ဆင်းသက်မည် မဟုတ်သော်လည်း လာမည့် ၂၀၂၈ ခုနှစ်မှာ လူသားတွေ လပေါ်မှာ အခြေစိုက် နေထိုင်နိုင်ရန်အတွက် လိုအပ်တဲ့ စမ်းသပ်မှုတွေကို ပြုလုပ်သွားမည်ဖြစ်သည်။

၎င်းနောက်မှာ အင်္ဂါဂြိုဟ်သို့ သွားရောက်နိုင်ရန်အတွက် အခြေခံအုတ်မြစ် ချမှတ်ခြင်းလည်း ဖြစ်ပါတယ်။

အာကာသယာဉ်မှူးတွေဟာ ခရီးစဉ် ၆ ရက်မြောက်နေ့မှာ လကမ္ဘာနဲ့ အနီးဆုံးသို့ ရောက်ရှိမည်ဖြစ်ပြီး မစ်ရှင်အားလုံး ပြီးဆုံးပါက ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ပြန်လည်ဆင်းသက်ရန် စီစဉ်ထားတယ်လို့ သိရပါတယ်။

ကိုးကား-NBC News
သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

မြန်မာအတွက် အရေးကြုံရင် အမြဲတမ်း ပထမဆုံး ကူညီပေးသူအဖြစ် ဆက်လက်ရပ်တည်မယ်လို့ အိန္ဒိယ ဝန်ကြီးချုပ်ပြော

ဇွန် ၁၊ ၂၀၂၆Zalen အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရတဲ့ အိမ်နီးချင်း၊ အားထားရတဲ့ မိတ်ဖက်ဖြစ်သလို ဘေးအန္တရာယ်နဲ့ အရေးကြုံချိန်တိုင်းမှာလည်း အမြဲတမ်း ပထမဆုံး ရှေ့တန်းကနေ ကူညီပံ့ပိုးပေးသူ (First Responder) အဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့ အိန္ဒိယဝန်ကြီးချုပ် ...

ဆက်ဖတ်ရန်