မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံမူ ၅ ချက် အကောင်ထည်ဖော်ရေး အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တိုက်တွန်း

Zalen

မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲရလဒ်တွေအရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတရာထူးကို ရယူထားပါတယ်။

အဆိုပါ နောက်ဆက်တွဲ အခြေအနေများအပေါ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ၎င်းတို့ရဲ့ သဘောထားကို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

Zalen ad

ဖိလစ်ပိုင်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခင်းအကျင်းသစ်အောက်မှာ ဆက်လက် ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်သွားမယ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို မပျက်မကွက် လိုက်နာလာစေဖို့ ဖိအားပေးတိုက်တွန်းမယ့် ရည်ရွယ်ချက်သာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ မကြာသေးမီက ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ အထူးသဖြင့် စစ်ခေါင်းဆောင် သမ္မတအဖြစ် တာဝန်ယူလာမှုကို ၎င်းအနေနဲ့ မှတ်တမ်းတင်ထားတယ်လို့ ဆိုပါသည်။

ဒါပေမဲ့ ဒီထိတွေ့ဆက်ဆံတာဟာ စစ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတာထက် ဒေသတွင်း တည်ငြိမ်ရေးအတွက် ချမှတ်ထားတဲ့ လမ်းပြမြေပုံဆတွကို အကောင်အထည်ဖော်ဖို့ ဆွဲဆောင်စည်းရုံးခြင်းသာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဖိလစ်ပိုင်နိုင်ငံဟာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်အဖြစ် နိုင်ငံခြားရေးဝန်ကြီး မာသာရီဆာ ပီ လာဇာရိုကို တာဝန်ပေးအပ်ထားတယ်လို့ ဆိုပါတယ်။

၎င်းမှတဆင့် မြန်မာ့အာဏာပိုင်တွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

ဒါ့အပြင် ရန်ကုန်ရှိ သံရုံးများမှတဆင့်လည်း သံတမန်ရေးရာ လမ်းကြောင်းတွေကို အသုံးပြုကာ အာဆီယံရဲ့ ရပ်တည်ချက်တွေကို ပြတ်ပြတ်သားသား ဆက်သွယ်ပြောဆိုသွားမယ်ဖြစ်တယ်လို့ ကက်စထရိုက အလေးပေး ပြောကြားခဲ့ပါတယ်။

အာဆီယံအဖွဲ့ကြီးက မြန်မာ့အရေးနဲ့ ပတ်သက်၍ အဓိက တောင်းဆိုထားတဲ့ အချက်တွေမှာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ သက်ဆိုင်သူအားလုံး ပါဝင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖော်ဆောင်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အဟန့်အတားမရှိ ပေးအပ်နိုင်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ကိုကား-Bername

နောက်ဆုံးရသတင်းများ

မရာဒေသမှာ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် လူငယ် ၁၀၀ ကျော်ကို MDF ဖမ်းဆီးခေါ်ဆောင်

ဧပြီ ၈၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ မရာဒေသမှာ မရာနယ်မြေကာကွယ်ရေးတပ်ဖွဲ့ (MDF) က စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်ပြီးနောက် ဒေသခံလူငယ် ၁၀၀ ကျော်ကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၄ ...

ဆက်ဖတ်ရန်