အိန္ဒိယ-မြန်မာနယ်စပ်မှာ ကူကီးအမျိုးသားတပ်မတော်၊မြန်မာပြည် ( KNA-B) တပ်ဖွဲ့ဝင် ၄ ဦးသတ်ဖြတ်ခံရ

ဧပြီလ ၁၃၊ ၂၀၂၆

Zalen

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နဲ့ မြန်မာနယ်စပ်မှာ ကူကီးအမျိုးသားတပ်မတော်၊မြန်မာပြည် ( KNA-B) တပ်ဖွဲ့ဝင် ၄ ဦးသတ်ဖြတ်ခံရတယ်လို့ ဒေသတွင်းသတင်းမှာဖော်ပြထားပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်မှာ  နာဂလင်အမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-IM) လို့ ယူဆရတဲ့ သံသယရှိ ဖွယ်အဖွဲ့ဝင်များနဲ့ ကူကီးအမျိုးသားတပ်မတော်၊ မြန်မာပြည် (KNA-B) တို့ကြား ဒီကနေ့မှာ ထိတွေ့တိုက်ပွဲဖြစ်ပွား ခဲ့ပြီး KNA-B တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တာလို့ သတင်းများထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

Zalen ad

ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များရဲ့ အဆိုအရ မဏိပူရပြည်နယ်၊ ကမ်ဂျုံခရိုင်ရှိ အာရှန် ကူလန် ကာကာနဲ့ မြန်မာနိုင်ငံရှိ ဖိုင်ယန်ရွာကြားမှာ ဒီကနေ့ ဧပြီလ ၁၃ ရက်၊ နံနက် ၉ နာရီမှ ၁၀ နာရီခန့်မှာ နှစ်ဖက် ထိတွေ့ပစ်ခတ်မှုရှိခဲ့တာ လို့ဆိုပါတယ်။

 NSCN-IM တပ်ဖွဲ့ဝင်များဟာ သေဆုံးသူများထံမှ လက်နက်များနဲ့ ကျည်ဆံများကို သိမ်းဆည်းရမိခဲ့ တယ်လို့ သိရပေမယ့် သေဆုံးသူများရဲ့ အမည်စာရင်းများကိုတော့ တိတိကျကျ မသိရသေးပါ။

မဏိပူရ်ပြည်နယ်၊ ကမ်ဂျုံခရိုင်ရှိ နမ်လီ၊ ဝမ်လီ၊ အာရှန် ကူးလန်၊ ချိုရို နဲ့ အခြားရွာများ အပါအဝင် ရွာအများအပြားဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

Kuki National Army–Burma (KNA-B) ဟာ မြန်မာနိုင်ငံအတွင်းရှိ ကူကီး (Kuki) လူမျိုးကို ကိုယ်စားပြုတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကူကီးလူမျိုးရဲ့ အခွင့်အရေး၊ လုံခြုံရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကို ကာကွယ်ဖို့ ရည်ရွယ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ကြောင်းသိရပြီး အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နဲ့ မြန်မာ နယ်စပ် ၊ စစ်ကိုင်းတိုင်းထဲမှာ အဓိက အခြချလှုပ်ရှားတဲ့အဖွဲ့အစည်းလို့သိရပါတယ်။

ကိုးကား – Ukhrul Times

သတင်း – Mickey

နောက်ဆုံးရသတင်းများ

နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် အကျဉ်းသား တွေကို ပြစ်ဒဏ်လျှော့ပေါ့သက်သာခွင့်ပြု

ဧပြီ ၁၇ ၊ ၂၀၂၆ Zalen ဒီနေ့ ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ရဲ့ သမ္မတရုံးကနေ အကျဉ်းသားတွေအတွက် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ကို ထုတ်ပြန်လိုက်ပါတယ်။ နှစ်သစ် အထိမ်းအမှတ်အနေနဲ့ရော၊ ပြည်သူတွေ ...

ဆက်ဖတ်ရန်