လစ်လပ်ဝန်ကြီးနေရာအတွက် ချင်းပြည်နယ်အစိုးရကအဆိုပြုထားသော ဦးစိုးထက်ရဲ့ ကိုယ်ရေးအကျဉ်းချုပ်

လစ်လပ်ဝန်ကြီးနေရာအတွက် ချင်းပြည်နယ်အစိုးရကအဆိုပြုထားသော ဦးစိုးထက်ရဲ့ ကိုယ်ရေးအကျဉ်းချုပ်အမ်ဳိးသားလႊတ္ေတာ္ရံုးဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးစိုးထက္ကို အဘသီရိပ်ံခ်ီ ဦးထပ်လှိုင်း(နိုင်ငံ့ဂုဏ်ရည်ပထမအဆင့်)နှင့် အမိဒေါ်ပန်ယို့တို့မှ ၁၉၆၀ ခုနှစ်၊ မတ်လ(၂၂) ရက်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်၌ မွေးဖွားခဲ့သည်။ ညီအစ်ကို မောင်နှမ(၈)ဦးအနက် ဦးစိုးထက်(ချင်းအမည် ဆလိုင်းမဲလု)သည် (၄)ယောက်မြောက်သားဖြစ်ပါသည်။ မူလတန်း၊ အလယ်တန်းကို ပလက်ဝမြို့ အ.ထ.က ကျောင်းတွင်လည်းကောင်း၊ (၉)တန်းနှင့်(၁၀)တန်းကို စစ်တွေ အ.ထ.က(၄)တွင်လည်းကောင်း၊ တက္ကသိုလ်ပညာရေးအတွက် ပထမနှစ်နှင့် ဒုတိယနှစ်ကို စစ်တွေဒေသကောလိပ်တွင်လည်းကောင်း၊ တတိယနှစ်ကို လှိုင်နယ်မြေရှိ အမှတ်(၂)ဒေသကောလိပ်တွင်လည်းကောင်း တက်ရောက်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ B.Sc(Zoology) ဘွဲ့ကိုရရှိခဲ့တယ်။

ဘွဲ့ရပြီးနောက် ဖခင်ရဲ့ဆန္ဒအရ မူလတန်းပြဆရာအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ကာ ၁၉၈၃ ခုနှစ်တွင် ၄င်းဝါသနာပါခဲ့သော တပ်မတော်အရာရှိဘဝဖြစ်လာရန်အတွက် ၁၉၈၄ ခုနှစ် ဇူလိုင်လ (၂၀)ရက် ဘွဲ့ရဗိုလ်လောင်းသင်တန်း အပတ်စဉ်(၆၈)ကို မှော်ဘီ၌ တက်ရောက်ခဲ့ပြီး ၁၉၈၅ ခုနှစ် မေလ (၃၁)ရက်တွင် ဗိုလ်သင်တန်းဆင်းခဲ့သည်။ 

တပ်မတော်တွင် ရာထူးတာဝန်အဆင့်ဆင့်များကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော် နေရာဒေသ အနှံ့တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့သည်။ ဗိုလ်မဲလုအမည်ဖြင့် ၁၉၈၉ ခုနှစ်၊ ဇန်နဝါရီ(၄)ရက် လွတ်လပ်ရေးနေ့တွင် ပါချီးစခန်းသိမ်းတိုက်ပွဲ ထူးချွန်စွာစွန့်စားခဲ့ခြင်းကြောင့် သူရဲကောင်းမှတ်တမ်းဝင် လက်မှတ်နှင့်တံဆိပ်ဘွဲ့ထူး ဂုဏ်ထူးများရရှိခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီး အဆင့်ဖြင့် ခြေလျင်တပ်ရင်းမှူး နေပြည်တော်အမှတ်(၂) တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ ဆေးတပ် တပ်မှူး တပ်ကုန်းတပ်နယ်မှူး ဇေယျသီရိတပ်နယ်မှူးစသည့် ရာထူးတာဝန်များဖြင့် နေပြည်တော်တည်ဆောက်ရာတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ခဲ့သူလည်းဖြစ်သည်။

ဦးစိုးထက်ဟာ လက်ရှိ အမှတ်(၂) တပ်မတော်ဆေးကြီး(ခုတင် ၁၀၀၀) ဆေးရုံ၌ ကုသမှုဌာနကြီးမှူး စစ်ဘက်ဆရာဝန်ကြီး ဗိုလ်မှူးကြီး ဒေါက်တာသန်းသန်းရီ M.B.B.S, M.Sc(Surg), F.R.C.S(Edin)နှင့် ၁၉၉၀ ခုနှစ်၊ ဧပြီလ (၂၇)ရက်တွင် အိမ်ထောင်ကျပြီး သားမောင်ကျော်မင်းထက်နှင့် သမီး မမြသဉ္ဇာထက်တို့ကို ထွန်းကားခဲ့သည်။ တပ်မတော်တွင် (၂၉) နှစ်တာတာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့တွင် အမျိုးသားလွှတ်တော်ရုံးရဲ့(စီမံ၊ ဘဏ္ဍာ၊ ကျန်းမာရေး)ဌာနသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်ရာထူးဖြင့်လည်းကောင်း၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင်(ဥပဒေပြုဌာနကြီး)သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် အမျိုးသားလွှတ်တော်ရုံးတွင် ပြောင်းလဲတာဝန်ထမ်းဆောင်လျက်ရှိသည်။ ထို့ပြင် နေပြည်တော်၌ ကျင်းပသော (၆၅)နှစ်မြောက် ချင်းအမျိုးသားနေ့မှစပြီး ချင်းအမျိုးသားနေ့ကျင်းပရေးကော်မတီဥက္ကဌတာဝန်ကို ယနေ့ထိတိုင်ဆောင်ရွက်ရှိပြီး၊ ချင်းလူမှုရေးအသင်း(နေပြည်တော်)ရဲ့ ဥက္ကဌအဖြစ်လည်းတာဝန်ယူဆောင်ရွက်နေပါသည်။

Zalen ad

ကိုးကား။ ချင်းပြည်နယ်အစိုးရထုတ်ဝေတဲ့ တောင်ဇလပ်တိုမ်းဂျာနယ်

နောက်ဆုံးရသတင်းများ

MNDAA က TNLA ထိန်း ချုပ်ထားတဲ့ရွာတွေက အမျိုးသားတွေကို ဖမ်းဆီးနေတယ်လို့ ဒေသခံတွေပြော

မတ် ၂၀ ၊၂၀၂၆ Zalen ကိုးကန့်တပ် Myanmar National Democratic Alliance Army(MNDAA) က တအောင်း Ta’ang National Liberation Army(TNLA) ထိန်းချုပ်ထားတဲ့ကျေးရွာတွေက အမျိုးသားတွေကို ဖမ်းဆီးချုပ်နှောင်ထားတာရှိတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ ...

ဆက်ဖတ်ရန်