ချင်းပြည်နယ်ရဲ့ ပထမဆုံး လူထုအခြေပြု Heisa FM ရေဒီယိုကို မနက်ဖြန် အွန်လိုင်းပေါ်စလွှင့်မယ်

တီးတိန်မြို့နယ် Thuklai(ထုတ်လိုင်)ကျေးရွာမှ ချင်းပြည်နယ်ရဲ့ ပထမဆုံး လူထုအခြေပြု Heisa(ဟေဆား)FM ရေဒီယိုကို ဇွန်လ(၆)ရက်ညနေပိုင်းမှာ အွန်လိုင်းပေါ်စတင်လွှင့်တင်တော့မယ်လို့တာဝန်ရှိသူထံမှသတင်းရရှိပါတယ်။
စီးယင်းဘာသာစကားလိုအွန်လိုင်းပေါ်လွှင့်တင်မယ့်နေရာကတော့ Heisa FM ရဲ့တရားဝင် page ဖြစ်တဲ့ https://www.facebook.com/Heisa-FM-191293671591851/ ကနေထုတ်လွှင့်မှာဖြစ်ပါတယ်။

Heisa FM studio(Photo: Heisa FM)
Heisa FM ရဲ့တာဝန်ရှိသူ ဦးမိုက်ကယ်က “သတင်းတွေထက် စိုက်ပျိုးမွေးမြူးရေးအကြောင်းတွေ၊ ပညာရေး၊ ကျန်းမာရေးနဲ့ မိုးလေဝသသတင်းတွေထုတ်လွှင့်မယ်။ ပြီးတော့ နောက်ပိုင်းမှာ နိုင်ငံခြားခရီးသွားတွေတိုးတက်လာမယ်ဆိုတော့ ဒေသခံတွေကြိုတင်ပြင်ဆင်နိုင်မယ့်အပိုင်းတွေလည်းထုတ်လွှင့်မယ်”လို့ပြောပါတယ်။

Heisa ဆိုတာ ပန်းတစ်မျိုးရဲ့နာမည်ဖြစ်ပါတယ်။ ဟေဆားရေဒီယိုဟာ ဆွေီဒင်နိုင်ငံခြေစိုက် IMS-Fojo Myanmar ကသင်တန်းပို့ချတာဖြစ်ပြီး မြန်မာနိုင်ငံအသံလွှင့်နည်းဥပဒေမထွက်နိုင်သေးတာကြောင့် အခုလို အွန်လိုင်းပေါ်မှာသာထုတ်လွှင့်နေရခြင်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်