တောင်ဇလပ်ပန်း ခူးသူ လေးယောက်ကို တားပြီးသတိပေးပြီး ပြန်လွှတ်

တောင်ဇလပ်ပန်း ခူးယူသူ လူလေးယောက်ကို Fort White တောင်ဇလပ်ချစ်သူများအဖွဲ့က တားပြီး သတိပေးတယ်လို့ သတင်းရရှိပါတယ်။

ဒီနေ့ တီးတိန်မြို့မှ ကလေးမြို့ဘက်သို့ဆိုင်ကယ်နဲ့ဆင်းလာတဲ့ ဆိုင်ကယ်နှစ်စီးကို သိုင်းငင်းရဲကင်းရှေ့တွင်တားဆီးခဲ့တာဖြစ်ပါတယ်။

Fort White တောင်ဇလပ်ချစ်သူများအဖွဲ့ဝင် ဆလိုင်းကေတီလျန်က “ရှေ့ဆိုင်ကယ်ကတော့ အပွင့်ကနေခူးတယ်။ နောက်ဆိုင်ကယ်တစ်စီးကတော့ အကိုင်းကနေချိုးတယ်။ သူတို့ကိုနောက်မချိုးဖို့ ပြောပြတယ်။ နောက်ဆို ဥပဒေအတိုင်းအရေးယူ ဆောင်ရွက်မယ်လို့ သတိ ပေးထားတယ်။ ပြီးတော့ ပြန်လွှတ်လိုက်တယ်” လို့ပြောပါတယ်။

Zalen ad

Fort White တောင်ဇလပ်ချစ်သူများအဖွဲ့က ဖေဖော်ဝါရီလ (၂၅)ရက်တွင် တောင်ဇလပ်ပန်းကိုမခူးဖို့၊ ထိန်းသိမ်းဖို့ စတီကာလှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။

တောင်ဇလပ်ပန်းဟာ ချင်းပြည်နယ်ရဲ့ သင်္ကေတတစ်ခုဖြစ်ပေမယ့် ခုချိန်မှာတော့ ထိန်းသိမ်းယူအားနည်းတာကြောင့် တဖြည်းဖြည်းနည်းပါးလာပါတယ်။

(Zawgyi)

ေတာင္ဇလပ္ပန္း ခူးသူ ေလးေယာက္ကို တားၿပီးသတိေပးၿပီး ျပန္လႊတ္

ေတာင္ဇလပ္ပန္း ခူးယူသူ လူေလးေယာက္ကို Fort White ေတာင္ဇလပ္ခ်စ္သူမ်ားအဖြဲ႕က တားၿပီး သတိေပးတယ္လို႔ သတင္းရရွိပါတယ္။

ဒီေန႔ တီးတိန္ၿမိဳ႕မွ ကေလးၿမိဳ႕ဘက္သို႔ဆိုင္ကယ္နဲ႔ဆင္းလာတဲ့ ဆိုင္ကယ္ႏွစ္စီးကို သိုင္းငင္းရဲကင္းေရွ႕တြင္တားဆီးခဲ့တာျဖစ္ပါတယ္။

Fort White ေတာင္ဇလပ္ခ်စ္သူမ်ားအဖြဲ႕ဝင္ ဆလိုင္းေကတီလ်န္က “ေရွ႕ဆိုင္ကယ္ကေတာ့ အပြင့္ကေနခူးတယ္။ ေနာက္ဆိုင္ကယ္တစ္စီးကေတာ့ အကိုင္းကေနခ်ိဳးတယ္။ သူတို႔ကိုေနာက္မခ်ိဳးဖို႔ ေျပာျပတယ္။ ေနာက္ဆို ဥပေဒအတိုင္းအေရးယူ ေဆာင္႐ြက္မယ္လို႔ သတိ ေပးထားတယ္။ ၿပီးေတာ့ ျပန္လႊတ္လိုက္တယ္” လို႔ေျပာပါတယ္။

Fort White ေတာင္ဇလပ္ခ်စ္သူမ်ားအဖြဲ႕က ေဖေဖာ္ဝါရီလ (၂၅)ရက္တြင္ ေတာင္ဇလပ္ပန္းကိုမခူးဖို႔၊ ထိန္းသိမ္းဖို႔ စတီကာလႈပ္ရွားမႈျပဳလုပ္ခဲ့ၾကပါတယ္။

ေတာင္ဇလပ္ပန္းဟာ ခ်င္းျပည္နယ္ရဲ႕ သေကၤတတစ္ခုျဖစ္ေပမယ့္ ခုခ်ိန္မွာေတာ့ ထိန္းသိမ္းယူအားနည္းတာေၾကာင့္ တျဖည္းျဖည္းနည္းပါးလာပါတယ္။

နောက်ဆုံးရသတင်းများ

မြဝတီက ဖမ်းမိတဲ့ ကျားဖြန့်နိုင်ငံခြားသား ၇၆၆ ဦးကို လဝကနဲ့ မူးယစ်မှုတွေဖြင့် အရေးယူ

မေ ၂၀၊ ၂၀၂၆Zalen ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေဆီကနေ ဖမ်းမိထားတဲ့ နိုင်ငံခြားသားတွေထဲက ၇၆၆ ဦးကို မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေတို့နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ ...

ဆက်ဖတ်ရန်