လေပြင်းတိုက်လို့ ဖလမ်းမြို့နယ်တွင်သိန်း (၄၀)ကျော်တန်ဖိုးရှိ ပြောင်းဖူးခင်းတွေပျက်စီး

ဖလမ်းမြို့နယ်တွင် လေပြင်းတိုက်ခတ်လို့ တောင်သူများစိုက်ပျိုးထားတဲ့ ပြောင်းဖူး (၇၇ ဒသမ ၅)ဧက ပျက်စီးပြီး တန်ဖိုးအားဖြစ် ခန့်မှန်းခြေ (၄,၁၃၀,၀၀၀) ကျပ်ပျက်စီးသွားကြောင်း သတင်းရရှိပါတယ်။

သြဂုတ်လ (၅)ရက် မနက် (၇) နာရီက လေပြင်းကြောင့် လိုင်းဇောလ်ကျေးရွာအုပ်စုရှိ လိုင်းဇောလ်ကျေးရွာ၊ ပါလဲသဲကျေးရွာ၊ အာအိုမွန်ကျေးရွာနေ တောင်သူ (၃၃)ဦး စိုက်ပျိုးထားတဲ့ ပြောင်းဖူး (၄၄ ဒသမ ၅) ဧက ပျက်စီးပြီး စုစုပေါင်း ပျက်စီးဆုံးရှုံးမှု ခန့်မှန်း ၂,၄၈၀,၀၀၀ ကျပ်ဖြစ်ပါတယ်။

ဆက်လက်ပြီး သြဂုတ် (၆) မနက် ၅ နာရီတွင်လေပြင်းတိုက်လို့ တလန်ဇောလ်ကျေးရွာအုပ်စုရှိ ဇောလ်သဲကျေးရွာ နဲ့ ဝှမ်ဟာခုမ်း(မွန်ထာ)ကျေးရွာနေ တောင်သူ (၁၂) ဦးရဲ့ ပြောင်းဖူး (၃၃) ဧက ပျက်စီးပြီး ပျက်စီးဆုံးရှုံးမှုခန့်မှန်းခြေ တန်ဖိုး (၁,၆၅၀,၀၀၀) ကျပ်ဖြစ်ပါတယ်။

 

Zalen ad

နောက်ဆုံးရသတင်းများ

ချင်းပြည်ကောင်စီရဲ့ အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့အပေါ် ဒေသခံပြည်သူတို့ရဲ့ အမြင်သဘောထား မှတ်ချက်များ

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ Defense Coordination Team (TDC) ရဲ့ ပထမအကြိမ်အစည်းအဝေးမှာ ချင်းပြည်နယ်အတွင်း အရွယ်ရောက်ပြီး သူတွေကို ချင်းပြည်တပ်ပေါင်းစုအတွက် တပ်သားသစ်တွေ စုဆောင်းသွားတော့မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ...

ဆက်ဖတ်ရန်