ဖလမ်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူး အိန္ဒိယနယ်စပ်တစ်နေရာတွင် ပျောက်ဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာန ဒုဦးစီးမှူး ဦးပေါင်ဒိတ်တုန်ဟာ နယ်ပြောင်းဖို့ မိသားစုနဲ့ ဖလမ်းမြို့ကနေထွက်ခွာရာ အိန္ဒိယ-မြန်မာနယ်စပ်တစ်နေရာမှာ ဇူလိုင် ၁၂ ရက်က ပျောက်ဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

ဇူလိုင် ၁၁ ရက်တွင် ဦးပေါင်ဒိတ်တုန်၊ ဇနီးနဲ့သားဟာ ကားတစ်စီးနဲ့ ဖလမ်းမြို့ကနေ ရိခေါ်ဒါရ်မြို့ဘက်သို့သွားပြီး ဇူလိုင် ၁၂ ရက်နေ့တွင် အဆက်အသွယ်မရတော့ပဲပျောက်ဆုံးသွားတယ်လို့သိရပါတယ်။

ဖလမ်းမြို့ဒေသခံတစ်ဦးက “သူက ဖလမ်းမြို့မှာတာဝန်ကျတုန်း တခြားပြဿနာတော့မရှိဘူး။ ဒါပေမယ့် ရေလည် လာဘ်စားတယ်” လို့ပြောပါတယ်။

၎င်းဟာ ရှမ်းပြည်နယ် ကျိုင်းတုံမြို့သို့ နယ်ပြောင်းဖို့ မိသားစုအလိုက်ကားနဲ့ထွက်သွားခြင်းဖြစ်ပါတယ်။

Zalen ad

ဦးပေါင်ဒိတ်တုန်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ထဲမှာ ဖလမ်းမြို့သို့ပြောင်းရွှေ့လာတယ်လို့သိရတယ်။

Zawgyi

ဖလမ္းၿမိဳ႕နယ္ ဒုအုပ္ခ်ဳပ္ေရးမႉး အိႏၵိယနယ္စပ္တစ္ေနရာတြင္ ေပ်ာက္ဆုံး

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဌာန ဒုဦးစီးမႉး ဦးေပါင္ဒိတ္တုန္ဟာ နယ္ေျပာင္းဖို႔ မိသားစုနဲ႔ ဖလမ္းၿမိဳ႕ကေနထြက္ခြာရာ အိႏၵိယ-ျမန္မာနယ္စပ္တစ္ေနရာမွာ ဇူလိုင္ ၁၂ ရက္က ေပ်ာက္ဆုံးသြားတယ္လို႔သတင္းရရွိပါတယ္။

ဇူလိုင္ ၁၁ ရက္တြင္ ဦးေပါင္ဒိတ္တုန္၊ ဇနီးနဲ႔သားဟာ ကားတစ္စီးနဲ႔ ဖလမ္းၿမိဳ႕ကေန ရိေခၚဒါရ္ၿမိဳ႕ဘက္သို႔သြားၿပီး ဇူလိုင္ ၁၂ ရက္ေန႔တြင္ အဆက္အသြယ္မရေတာ့ပဲေပ်ာက္ဆုံးသြားတယ္လို႔သိရပါတယ္။

ဖလမ္းၿမိဳ႕ေဒသခံတစ္ဦးက “သူက ဖလမ္းၿမိဳ႕မွာတာဝန္က်တုန္း တျခားျပႆနာေတာ့မရွိဘူး။ ဒါေပမယ့္ ေရလည္ လာဘ္စားတယ္” လို႔ေျပာပါတယ္။

၎ဟာ ရွမ္းျပည္နယ္ က်ိဳင္းတုံၿမိဳ႕သို႔ နယ္ေျပာင္းဖို႔ မိသားစုအလိုက္ကားနဲ႔ထြက္သြားျခင္းျဖစ္ပါတယ္။

ဦးေပါင္ဒိတ္တုန္ဟာ စစ္တပ္အာဏာသိမ္းၿပီးေနာက္ ၂၀၂၁ ခုႏွစ္ထဲမွာ ဖလမ္းၿမိဳ႕သို႔ေျပာင္းေ႐ႊ႕လာတယ္လို႔သိရတယ္။

နောက်ဆုံးရသတင်းများ

ကလေးမြို့အပါအဝင် ရပ်နားထားတဲ့လေကြောင်းခရီးစဉ်အချို့ပြန်လည်ပြေးဆွဲဖို့ ညွှန်ကြား

မတ် ၂၅၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့အပါအဝင် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ မြို့ပေါင်း ၁၁ မြို့သို့ လေကြောင်းခရီးစဉ်တွေကို ဦးစားပေးအနေဖြင့် မဖြစ်မနေ ပြေးဆွဲပေးသွားရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ညွှန်ကြားလိုက်ပါတယ်။ မနေ့ မတ်လ ၂၄ ရက်နေ့ နေပြည်တော်မှာ ...

ဆက်ဖတ်ရန်