တမူးမြို့အထက်ပိုင်းတွင် အရပ်သား ၂ဦးအသတ်ခံရပြီး ကားပါမီးရှို့

တမူးမြို့ အထက်ပိုင်းတမူး – အောင်ဇေယျကားလမ်းပေါ်ရှိ မင်းသာကျေးရွာအနီး တွင် ယမန်နေ့ သြဂုတ် ၂၂ ရက်ညတွင် ပျူစောထီးအဖွဲ့က ပြည်သူနှစ်ဦးအသတ်ခံရပြီး ကားပါမီးရှို့သွား သည်ဟုသိရသည်။

တမူးမြို့မှဈေးဝယ်ပြီးအိမ်စီးကားဖြင့် ပြန်လာသည့် မင်းသာရွာသား ကိုမျိုးအသက်(၄ဝ)ခန့်နှင့် လှည်းဆိပ်ရွာသား ကိုနေဆန်း အသက်(၂၆)နှစ်ခန့်တို့သည် မင်းသာကျေးရွာအနီး ဦးကျော်သန်းရာဘာစိုက်ခင်းနားတွင်အသတ်ခံရပြီးကားပါမီးရှို့သွားသည်ဟုဒေသခံတစ်ဦးထံမှသိရသည်။

အသတ်ခံရတဲ့နေရာဟာ တမူးမြို့ကနေ ၁၅ မိုင်သာကွာဝေးတဲ့နေရာမှာဖြစ်ပါသည်။

ဒေသခံရွာသားတစ်ဦးက “ကိုမျိုးနဲ့ ကိုနေဆန်းတို့ဟာ ညကအသတ်ခံရတာနေမယ်။ မနက်ကမှသူတို့နှစ်ယောက်အလောင်းသွားကောက်ကြတာ။ အနားကိုပျူစေားထီးတွေ နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဝိုင်းထားလို့သေချာကြည့်လို့မရဘူး။ မနေ့ညနေက မင်းသာအဝင်နားမှာပျူစောထီးတွေဝိုင်းနေတာတွေ့တယ်။ ၆ ယောက်လောက်ရှိတယ်လက်နက်ကိုယ်စီနဲ့ပါ” ဟု ပြောပါသည်။

Zalen ad

တမူး-အောင်ဇေယျကားလမ်းဟာ အန္ဒိယ-မြန်မာနယ်စပ်မှာရှိပြီး ယင်းနေရာတွင် ဓားပြတိုက်မှု၊ လူသတ်မှုတွေမကြာခဏဖြစ်ပွားတဲ့နေရာလည်းဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

ခမ်းပါတ်-ရာဇဂြိုဟ် လမ်းမှာကင်းချထားတဲ့ စစ်တပ်ကလမ်းခရီးသွားပြည်သူများကိုငွေညှစ်တာ ခြိမ်းခြောက်တာမျိုးလုပ်ဆောင်နေ

ဇူလိုင်  ၁၀၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေး-တမူး လမ်းရှိ ခမ်းပါတ်မြို့နဲ့ ရာဇဂြိုဟ် မြို့ကြားမှာကင်းချထားတဲ့ စစ်ကောင်စီတပ်များက ခရီးသွားပြည်သူများကို ငွေညှစ်တာ၊ ခြိမ်းခြောက်တာမျိုးပြုလုပ်နေတယ်လို့ ဒေသခံများထံက သိရပါတယ်။ ပြီးခဲ့တဲ့လက ကလေး-တမူးလမ်းမပေါ်ရှိ ခမ်းပါတ်မြို့နဲ့ ရာဇဂြိုဟ်မြို့ကို ...

ဆက်ဖတ်ရန်