မတူပီမြို့ အထက (၁) ကျောင်းတွင် စစ်တပ်က ကတုတ်ကျင်းတူးပြီး ရိက္ခာများ စုဆောင်းနေ

ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် ခလရ ၃၀၄ ဟာ မတူပီမြို့ လောင်ဗန်းရပ်ကွက်ရှိ အထက (၁) ကျောင်းတွင် ကတုတ်ကျင်းများတူးပြီး ဆန်များကိုလည်း သိုလှောင်ခြင်းများ ပြုလုပ်နေကြောင်း ဖရဲသီးများထံက ရရှိထားသော သတင်းများအရ သိရပါတယ်။

“တစ်နေ့က ကတုတ်ကျင်းတူးနေပြီး ကျန်တဲ့လူတွေက ကားနဲ့ ဆန်သယ်တာတွေလုပ်တယ်” ဟု ဖရဲသီးတစ်ယောက်က ပြောပါတယ်။

ခုလို ကျောင်းတွင် ကတုတ်ကျင်းတူးခြင်းနှင့် ရိက္ခာများ စုဆောင်ခြင်းနဲ့ပတ်သက်ပြီး ဖရဲသီးတစ်ယောက်က “ဟိုနား ဒီနား တိုက်ပွဲတွေဖြစ်နေတော့ ဘိုးတော်ကတော့ ပြင်ဆင်မှုတွေလုပ်တယ် ထင်တာပဲ” ဟု ဖရဲသီးတစ်ယောက်က ဆက်ပြောပါတယ်။

ခုလို ရိက္ခာများ စုဆောင်းခြင်းကို အထက ကျောင်းတစ်ခုတည်းတွင် လုပ်ဆောင်ခြင်း မဟုတ်ပဲ ၎င်းတို့ စခန်းမှာလည်း ရိက္ခာစုဆောင်းခြင်းများ ပြုလုပ်နေကြောင်း သတင်းပေးလာသူ ဖရဲသီးက ပြောပါတယ်။ ထို့အပြင် မတူပီမြို့ရှိ စစ်ဆေးရေးဂိတ်များအားလုံးကိုလည်း ဩဂုတ်လကစပြီး ကတုတ်ကျင်းများတူးခိုင်းထားကြောင်း သိရပါတယ်။

Zalen ad

စစ်တပ်၏ ခုလို ကတုတ်ကျင်းများတူးခြင်းနှင့် ရိက္ခာများ စုဆောင်းလာခြင်းတို့ကြောင့် မကြာခင် မတူပီမြို့နယ်တွင် စစ်တပ်က နယ်မြေရှင်းလင်းခြင်းများ ပြုလုပ်လာနိုင်ခြေလည်းရှိမလား ဆိုတဲ့ စိုးရိမ်းမှုများလည်း ရှိနေပါတယ်။

စစ်တပ်က ခုလို ကျောင်းများတွင် ကတုတ်ကျင်းတူးခြင်းနှင့် ရိက္ခာစုဆောင်းခြင်းနဲ့ပတ်သက်ပြီး CDF-Matupi ရဲဘောတစ်ဦးကတော့ “သူတို့က ဘာကြောင့် ဒီလို လုပ်သလဲဆိုတာကိုတော့ ကျွန်တော်တို့လည်း သေချာတော့ မသိသေးဘူး” ဟု ပြောပါတယ်။ သို့သော်လည်း စစ်တပ်ဟာ ဘယ်ကပဲ တက်လာတက်လာ CDF ကတော့ လက်ပိုက်ကြည့်နေမှာ မဟုတ်ကြောင်းလည်း CDF-Matupi ရဲဘော်တစ်ဦးက ပြောပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်