တမူးမြို့နယ်မှာ စိတ်ကြွဆေးပြား ပီနံအိတ် (၅)အိတ်ကို PDF-တမူးကဖမ်းဆီး

မန္တလေးကနေ နယ်စပ် တမူးမြို့ဘက်သို့သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြားတွေထည့်ထားတဲ့ ပီနံအိတ်ဖြူ (၅)အိတ်ကို တမူးမြို့နယ် ခွန်မွန်းနွန်ရွာနားမှာ PDF-တမူး တပ်ရင်း (၃)က စက်တင်ဘာ ၆ ရက်က နေ့လည် ၁ နာရီက ဖမ်းဆီးရမိတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။

PDF-တမူး တပ်ရင်း (၃) တာဝန်ရှိသူတစ်ဦးက “ဖမ်းဆီးထားတဲ့လူက တမူးမြို့ဒေသခံပဲ။ သူက ခရီးသည်တင်လို့ရတဲ့ အိမ်စီးကားတစ်စီးနဲ့ ကုန်တွေသယ်ပြီးတော့ ကြားမှာဖွတ်လာခဲ့တာ။ ကားထဲမှာ သူတစ်ယောက်ပဲပါတယ်။ ဆေးပြားအလုံးအရေအတွက်နဲ့ ကာလတန်ဖိုးကတော့ စိစစ်နေဆဲမို့ နောက်မှထပ်ကြေညာမယ်” လို့ပြောပါတယ်။

305163330_490242763112078_2522562157915477805_n

PDF-တမူး တပ်ရင်း (၃) တပ်ဖွဲ့တွေက ကလေး-တမူးကြား အာရှလမ်းမပေါ် စစ်ဆေးနေစဉ်အခုလို မူးယစ်ဆေးဝါးတွေဖမ်းမိခဲ့တာဖြစ်တယ်။

Zalen ad

ကွင်းဆက် တရားခံများအား ဆက်လက် စုံစမ်းဖော်ထုတ်လျက်ရှိပြီး တမူး-ကလေး အာရှလမ်းမပေါ်တါင် boycott စာရင်းတွင် ပါဝင်သောတားမြစ်ထုတ်ကုန်များ၊ မူးယစ်ဆေးဝါးလုပ်ငန်းများ၊ ရွှေ မှောင်ခိုလုပ်ငန်းများ၊ တရားမဝင်ငွေမည်းမှောင်ခိုလုပ်ငန်းများ၊ သစ် မှောင်ခိုလုပ်ငန်းများအားလည်း ဖမ်းဆီး ဖော်ထုတ် အရေးယူ ဆောင်ရွက်သွားမယ်လို့ People’s Defense Force Tamu တပ်ရင်း ၃ ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကလေး-တမူးလမ်းပိုင်းရှိ ကနန်ကျေးရွာကို ဆက်လက်တိုက်ခိုက်ပြီး လေကြောင်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်

ဇူလိုင်  ၁၀၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပိုင်ရှိ ကနန်ကျေးရွာကို ဆက်လက်တိုက်ခိုက်နေပြီး လေကြောင်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသသတင်းအရင်းအမြစ်များထံက သိရပါတယ်။ ဇူလိုင်လ ၉ရက်နေ့မနက်ကစပြီး ကနန်ကျေးရွာနဲ့ ကမ္မကြီး အနီးမှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေး အင်အားစုများကြား ...

ဆက်ဖတ်ရန်